ချစ်ရပါသော ပျို ~
Part - 18================================
" နင်တို့က ယောကျ်ားလေးအိမ်သာရှေ့မှာ ဘာရပ်လုပ်နေကြတာလဲ "
" နောက်ဆုံးချိန်မဝင်တော့ဘူးဆိုပြီး တီချယ်လာပြောသွားတယ်။ အာ့နဲ့ ငါတို့လည်း စာအုပ်တွေအကုန်သိမ်းပြီး နင်ပြန်လာတာကိုစောင့်နေတာ... ဒါမယ့် နင်က တော်တော်ကြာတဲ့ထိပြန်မလာသေးလို့ ငါတို့လည်းစိတ်ပူပြီးလိုက်လာတာ။ တော်ကြာ လူမသိသူမသိ အိမ်သာထဲမှာမူးလဲနေရင်ဒုက္ခဆိုပြီးတော့... "
မေမြတ်က စိတ်ရှည်လက်ရှည်နဲ့ပြန်ဖြေသည်။
အဲ့နောက်မှာတော့ တားဆီးမရတဲ့စပ်စုချင်စိတ်တွေကြောင့် ခင်သက်ကမေးခွန်းထုတ်လာသည်။
" ပျို ..နင်ကရောဘာလို့ အပေါ်ကကျော်ခွတက်လာရတာလဲ? "
ခင်သက်ရဲ့မေးခွန်းကိုမဖြေအားသေး။
လောလောဆယ်စိတ်ထဲရှိနေတာက တေဇနဲ့စာရင်းရှင်းဖို့ပဲ။" တေဇထွဋ်ခေါင်ဘယ်မှာလဲ "
ပြတ်သားလွန်းနေတဲ့ လုလင်ပျိုရဲ့လေသံက ဒေါသထွက်နေမှန်းသိသာတယ်။
" ဟဲ့ပျို... ဘာဖြစ်လို့လဲ? "
" တေဇထွဋ်ခေါင်ဘယ်မှာလဲလို့မေးနေတာ... နင်တို့တွေ့မိသေးလား? "
" ဟို.. သူက အပြန်တိုင်း နင့်ကိုလိုက်ပို့နေကျမလား... အဲ့တော့ ခုချိန်ဆို ကျောင်းပေါက်ဝမှာ သူ့ရဲ့BMWကြီးကိုမှီပြီး.. "
ခင်သက်ရဲ့စကားမဆုံးခင်မှာပင် လုလင်ပျိုတစ်ယောက် ခြေလှမ်းကျဲကြီးများနှင့် ထွက်ခွာသွားလေပြီ။
တွေ့ကြသေးတာပေါ့ တေဇထွဋ်ခေါင်ရယ်။
လုလင်ပျိုတစ်ယောက် ကျောင်းပေါက်ဝတည့်တည့်မှာရပ်လိုက်သည်။
ထို့နောက် ဘယ်ကြည့်သည်။
ညာကြည့်သည်။
ဘယ်ပြန်ကြည့်သည်။
ညာပြန်ကြည့်သည်။( ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့် ညာပြန်ကြည့် လမ်းရှင်းရင်ကူး XP... စတာ ဒါက ကားလမ်းကူးရမယ့်ဆောင်ပုဒ်ကြီး )
ကျောင်းဆင်းချိန်မို့ ရှုပ်ယှက်ခတ်နေသောကျောင်းသားများကြား တေဇကိုလွယ်လွယ်နဲ့ရှာမတွေ့။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Ficção Adolescenteချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?