ချစ်ရပါသော ပျို ~
Part - 17================================
နေ့လည်စာစားပြီးနောက် အတန်းဆီသို့ပြန်လာကြသည်။
" ချာတိတ် အပြန်ကျရင် ငါလိုက်ပို့ပေးမယ် "
" အပြန်ကျရင်.. အာ... ... "
" ဘာဖြစ်လို့လဲ? မင်းက ဒီနေ့အိမ်မပြန်ဘူးလား? "
" အိမ်တော့မပြန်ပဲနေမလား.. ပြန်မှာပေါ့.. ဒါပေမယ့် အပြန်က...
အာ... ထားလိုက်တော့ ခင်ဗျားလိုက်ပို့မယ်ဆိုလည်းပြီးရော "
" Ok... စောစောထွက်လာ။ နောက်မကျစေနဲ့။ မင်းက နောက်ဆုံးအချိန်တက်ဦးမှာမလား "
" တက်ရမှာပေါ့ဗျ။ နောက်ဆုံးချိန်လည်း စာသင်ချိန်ပဲကို... ဘာလဲ ခင်ဗျားကမတက်ဘူးလား? "
" ငါဘယ်တုန်းကတက်ဖူးလို့လဲ "
ဟုတ်သည်။
သေချာပြန်စဉ်းစားကြည့်ရင်... နောက်ဆုံးစာသင်ချိန်တိုင်း ကျွန်တော့်အနောက်တန်းကခုံနှစ်ခုံ လွတ်နေတတ်သည်ပဲလေ...။" အာ့ဆိုလည်း အတန်းပြီးတာနဲ့ထွက်ခဲ့မယ်။
စောမယ် မစောဘူးဆိုတာတော့အာမ,မခံဘူး။ ခင်ဗျားဘာသာ စောင့်ချင်စောင့် မစောင့်ချင်နေ။ ဒါပဲ... ခင်ဗျားသွားနှင့်။ ကျွန်တော် Toiletဝင်လိုက်ဦးမယ် "မင်းမြတ်ဝဠာ ခေါင်းညိမ့်ပြပြီး အတန်းဆီဆက်လျှောက်သွားသည်။
စမတ်အကျဆုံးဆိုသည့်ဂုဏ်ပုဒ်မထိခိုက်စေရန် ခပ်မတ်မတ်လမ်းလျှောက်နေရသော်လည်း စိတ်ထဲမှာတော့မကျေနပ်မှုများစွာဖြင့် ပွစိပွစိရေရွတ်နေမိသည်။
* လခွမ်းတဲ့မှ.. သူကအချေလား.. ငါကအချေလား...။
သောက်ပိုးဟပ်ကောင်... စားလို့ဝတော့ ငါ့ကိုအဖတ်တောင်မလုပ်တော့ဘူး...
ပြောတာဆိုတာကလည်း တစ်စက်မှသောက်ချိုးမပြေ။ အလိုလိုက်လို့ အမိုက်စော်ကားတဲ့ကောင် *" ခဏ... "
လုလင်ပျိုလှမ်းခေါ်လိုက်သောကြောင့် ဝဠာ့ခြေလှမ်းတို့ရပ်တန့်သွားသည်။
ဒီကလေး ငါ့ကိုအဖတ်မလုပ်ပဲ မနေနိုင်ပါဘူး.. ဆိုတဲ့အတွေးနဲ့ ပြုံးတောင်ပြုံးလိုက်မိသေး။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?