Part 26(Unicode)

884 71 6
                                    

ချစ်ရပါသော ပျို ~
Part - 26

==========================================================

A/N: VDayမနက်ခင်း တေဇpovပါ။

မနက်ခင်းဟာ ပြတင်းပေါက်ဘောင်ပေါ်လာနားတဲ့စာကလေးတစ်ကောင်ရဲ့ ကျီကျီကျာကျာအသံနဲ့စတင်၏။

" GoodMorning...
Happy VDayပါငှက်ကလေးရေ "

ဒီနေ့မှထူးထူးခြားခြား တေဇစိတ်တွေကြည်လင်နေသည်။

" စာတွေပို့နေတာငါမှန်းသိသွားရင် ကလေးလန့်များသွားမလား ... "

ကြိုတွေးပြီးစိတ်ပူမိတယ်ကလေးရယ်။
မင်းကိုပိုင်ဆိုင်ခွင့်မှရပါ့မလား...
မတော်တဆ မင်းကိုယ့်ကိုများငြင်းလိုက်ရင်
အရင်လို တကျက်ကျက်ရန်ဖြစ်နေရတဲ့ဘဝလေးကိုတောင် ဆက်ပြီးပိုင်ဆိုင်ခွင့်ရပါဦးမလား...

ဟူး....
ရင်မောရတယ်ကလေး။
မင်းရှေ့ကိုကိုယ်တိုင်ထွက်လာပြဖို့ဆိုတာ ကိုယ့်အတွက်တော့ သိပ်ကိုစွန့်စားရတယ်။
ချောက်ကမ်းပါးစွန်းမှာရပ်နေရသလိုပဲ။

တစ်နာရီလောက်ကိုယ့်စိတ်ကိုယ်လွန်ဆွဲနေရပြီးတဲ့နောက်မှာ ဒီနေ့အတွက်ပြင်ဆင်ထားသမျှတွေကိုအိတ်ထဲထည့်ပြီး အိမ်တံခါးပိတ်ကာကျောင်းဆီခြေဦးလှည့်လိုက်သည်။

" ကိုယ်လာပြီကလေးရေ "

ဘယ်သူမှမရောက်သေးတဲ့စာသင်ခန်းထဲ လုလင်ပျိုရဲ့နေရာဆီတည့်တည့်လျှောက်သွားလိုက်ပြီး စာအိတ်ကိုစားပွဲပေါ်တင်လိုက်သည်။

" ဘုရားသခင်စောင့်ရှောက်ပါ "

စိတ်လှုပ်ရှားမှုကြောင့် လူကထိုင်ရမလို ထရမလို ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ။
ညကတည်းကပြင်ဆင်လာသမျှတွေကို တစ်ခုချင်းပြန်စစ်ကြည့်မှ အရေးအကြီးဆုံးအရာကျန်နေခဲ့မှန်းသိသည်။

" Shit! ချောကလက်ကအိတ်ထဲကျန်နေခဲ့ပြီ "

တေဇတစ်ယောက် ကားပါကင်ဆီအမြန်ပြန်ပြေးရတော့သည်။

" ဘယ်နှယ့်ကွာ... Valentine Day ပါဆိုမှ ချောကလက်မေ့ခဲ့ရတယ်လို့ ။ တေဇထွဋ်ခေါင်ရေ.. မင်းကတော့သေဖို့ပဲကောင်းတယ် "

ကိုယ့်ကိုကိုယ်ဆဲရေးရင်း ကားထဲထားခဲ့မိတဲ့လွယ်အိတ်ကိုယူဖို့ကားတံခါးဖွင့်လိုက်တော့ တံခါးဘောင်နဲ့နဖူးနဲ့ဆောင့်သည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now