ချစ်ရပါသော ပျို ~
Part - 8==============================
(The next day...)
" ချာတိတ် "
တေဇနဲ့ကန်တင်းဆီလမ်းလျှောက်သွားနေရင်း ဝဠာကလှမ်းခေါ်သည်မို့
" ဗျာ "
" ရော့ မနေ့ကဘောပင်။ ငှါးပေးတဲ့အတွက်ကျေးဇူး "
" ဟုတ် ရပါတယ် "
" မင်းကိုငါ နေ့လည်စာပြန်ဝယ်ကျွေးမယ်။ ကန်တင်းလိုက်ခဲ့ "
" ဗျာ ... "
" သွားမယ်။ လာ "
'လာ'ဆိုတဲ့ခေါ်သံနဲ့အတူ ကျွန်တော့်ရင်ခွင်ထဲမှာပိုက်ထားတဲ့ကျောပိုးအိတ်အမည်းလေးကို ဆွဲယူပြီးထွက်သွားတဲ့ ဝဠာ။
ရုတ်တရက်မို့ မှင်သက်နေမိသည်။
" ဟေ့ ငါ့ကိုစာရှင်းပြဖို့ကရော "
" အမ် "
" မလာဘူးလား? ဘာလုပ်နေတာလဲ? "
" ဟမ် "
တေဇက စာရှင်းပြဖို့ခေါ်တယ်။
ဝဠာက နေ့လည်စာအတူစားဖို့ခေါ်တယ်။
သူတို့နှစ်ယောက်ကြား ကျွန်တော်ဗျာများရပြီ။ဘယ်လိုလုပ်ရမလဲ ??
တေဇနဲ့ကလည်း ပြောပြီးဆိုပြီး။
ဝဠာနဲ့ကလည်း ... အင်း ... ။မသိဘူးကွာ။
ကိုယ့်ရဲ့ဆောင်ပုဒ်ကိုက
'အစားအသောက်က နံပတ် ၁
အစားအသောက်က နံပတ် ၂
အစားအသောက်က နံပတ် ၃' ဆိုတော့လည်း ... ... ..." ဟိုလူကြီး ခင်ဗျားကို မနက်ဖြန်မှပဲရှင်းပြတော့မယ်ဗျာ။ ဒီနေ့တစ်ရက် စာသင်ချိန်နားတယ်လို့သဘောထားလိုက်။ အခုတော့ ထမင်းသွားစားလိုက်ဦးမယ်။ တာ့တာ "
" ဟာ... ဟေ့!! ဟေ့!! "
ဘယ်လိုခေါ်ခေါ်မရတော့။
ပျိုကတော့ ဝဠာ့နောက်ကို ကောက်ကောက်ပါအောင်လိုက်သွားလေပြီ... ။" ဟျောင့် သားကြီး။
ဘာလို့ အရှုပ်ထုတ်ကိုခေါ်လာတာလဲ "ကန်တင်းအဝင်မှာရပ်စောင့်နေတဲ့သတိုးက
လုလင်ပျိုကိုမေးငေါ့ပြပြီး မေးသည်။" အရှုပ်ထုတ်မဟုတ်ဘူး။
သူကငါ့ရဲ့ ကျေးဇူးရှင်ဖြစ်သွားပြီ။
အဲ့ဒါကြောင့် မင်းတို့ကောင်တွေလည်း ဒီနေ့ကစပြီး ဒီချာတိတ်ကိုအနိုင်ကျင့်ဖို့မစဉ်းစားနဲ့တော့။ အကယ်၍များ သူ့ကိုအနိုင်ကျင့်နေတာတွေ့ခဲ့ရင် ဘယ်သူ့ကိုမှ ငါချမ်းသာပေးမှာမဟုတ်ဘူး "
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Dla nastolatkówချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?