ချစ်ရပါသော ပျို ~
Part - 30================================
* What the hell!! ချီးကားတိုက်ပြီ *
" ပေးမှာလား... ပေးမှာလား.. နှစ်ခုထဲကတစ်ခုရွေးလိုက်တော့ကိုကို "
" ဟမ်! ဘယ်နှစ်ခုထဲကရွေးခိုင်းနေတာလဲချာတိတ်ရ "
" ပေးမှာလား နဲ့ ပေးမှာလား နှစ်ခုထဲကရွေးခိုင်းတာလေ "
" ဟော... လတ်စသတ်တော့ ကိုကို့ချာတိတ်က လူလည်လာကျနေတာပဲ "
" ခင်ဗျားကြီးကအလိုက်မှမသိပဲကိုဗျ "
" ဟုတ်ပါပြီ... အခုတော့ ကိုယ်ရေးမလာရသေးဘူးချာတိတ်ရ။ မနက်ဖြန်ယူနော်... Cool? "
သူ့ဆံပင်တွေထဲခပ်ဖွဖွထိုးဆွပြီး ချော့ပြောတော့မှ စူပုတ်ပုတ်လေးနဲ့ခေါင်းညိမ့်ရှာသည်။
" Cool "
" Ok... နေလည်းတော်တော်စောင်းနေပြီ။ ကိုယ်တို့ပြန်ကြရအောင် "
တနေကုန်သောင်းကျန်းထားရလို့ပင်ပန်းသွားတယ်ထင်ရဲ့...။ ကားပေါ်ရောက်ပြီးမကြာခင်မှာပဲ ချာတိတ်ကအိပ်ပျော်သွားရှာသည်။
လမ်းဘေးတွင်ကားခဏထိုးရပ်ပြီး အိပ်ပျော်နေသောချာတိတ်ကို အိပ်ရအဆင်ပြေစေရန် ထိုင်ခုံအနေအထားသေချာပြင်ပေးလိုက်သည်။
" ဪ... ဒီကလေးကွာ ခေါင်းကဘီးကုတ်လည်းမချွတ်ဘူး... အကြာကြီးတပ်ထားရင်နာမှာပေါ့ "
ခေါင်းကဘီးကုတ်လည်းဖြည်းဖြည်းချင်းဆွဲချွတ်ပေးလိုက်သည်။ ခုမှအိပ်ရတာအဆင်ပြေသွားသလို ချာတိတ်ကတစ်ချက်သာလူးလွန့်လာပြီး နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သွားသည်။
အိပ်ပျော်နေတဲ့ချာတိတ်ကိုကြည့်ရင်း ဝဠာ့နှုတ်ဖျားမှထွက်အံကျသွားသော ခပ်တိုးတိုးစကားလုံးတစ်ချို့...
" ဘာဆိုဘာမှမသိတဲ့ အပြစ်မရှိတဲ့မင်းလိုကလေးကိုမှ အသုံးချခဲ့မိလို့ တောင်းပန်ပါတယ်... အဲဒီ့အတွက်လည်း ဘာမဆို ကိုယ်ပြန်ပေးဆပ်ဖို့အသင့်ပါပဲ "
ရပ်နားနေသောကားကလေးလည်း ဝူးခနဲပြန်လည်မောင်းထွက်သွားလေသည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?