ချစ်ရပါသော ပျို ~
Part - 32================================
" မင်း..အဲဒီ့လို တကယ်ပဲဖြစ်စေချင်တာလား ပျို "
" အင်း ဟုတ်တယ် "
ချစ်ရသူက ပြတ်သားစွာပြောနေ၏။
သူ့နောက်တွင်ယိုင်တိုင်တိုင်နှင့်ရပ်နေသောဝဠာကလည်း နှုတ်ခမ်းထောင့်တွင်သွေးစွန်းနေသည့်တိုင် ခနဲ့သည့်အပြုံးကိုရအောင်ပြုံးပြနေသေးသည်။" တောက် !! "
တောက်တစ်ချက်သာခေါက်ပြီး သူတို့ရှေ့ကထွက်သွားလိုက်တော့၏။
°°°°°°°°°°°°°°°°°
တေဇထွက်သွားပြီးနောက် လုလင်ပျိုတစ်ယောက် ကျောက်ရုပ်လိုရပ်နေမိသည်။
တောက်ခေါက်ပြီး တေဇထွက်သွားတယ်။
သူ့မျက်လုံးထဲကဝမ်းနည်းရိပ်တွေ...
သူ.. ငိုနေတာလား...
သူ ငိုသွားခဲ့တာလား...
ငါ့လိုလူအတွက်လေ... ?ကိုယ့်ကိုကိုယ်သတိမထားမိလိုက်ခင် ပါးပြင်ပေါ်မှာခံစားလိုက်ရတဲ့ ပူနွေးစိုစွတ်မှု။
ဟင်!
ငါကရော ငိုနေမိတာလား...?ငါပဲနှင်ထုတ်လိုက်တာလေ...
တဖြည်းဖြည်းရင်ထဲတွင်ဆို့နင့်ပြီး အသက်ရှူမဝသလိုဖြစ်လာ၍ နက်ခ်တိုင်ကိုဒေါသတကြီးဆွဲလျှော့လိုက်မိသည်။
ဘာလို့လဲ...
ဘာလို့ ဒီလောက်တောင် နာကျင်နေရတာလဲ?တေဇထွက်ခွာသွားရာလမ်းတစ်လျောက်ကိုရပ်ကြည့်နေရင်း နာကျင်ရသည့်အကြောင်းအရင်းကိုရှာဖွေနေမိ၏။
'ရင်းနှီးခဲ့ရဖူးသောမိတ်ဆွေတစ်ယောက်နှင့် ခွဲခွာလိုက်ရသောကြောင့် နာကျင်ရခြင်းဖြစ်သည်'ဟူ၍သာ အတင်းအကြပ်ယုံကြည်ပစ်လိုက်သည်။
ယခုအချိန်မှာ ကိုယ်က ဝဠာ့ချစ်သူဖြစ်နေသည်မလား...သူတို့နှစ်ယောက်တွင် ဘာပြဿနာတွေရှိနေခဲ့သည်မသိ။
လမ်းခွဲဖို့ခိုင်လုံသည့်အကြောင်းတစ်စုံတစ်ရာမရှိသေးသရွေ့တော့ ဝဠာ့အပေါ် တတ်နိုင်သလောက်သစ္စာစောင့်ထိန်းချင်သည်။
ဒါကြောင့်လည်း ဝဠာနဲ့တေဇကြား တစ်ယောက်ကိုသာရွေးရတော့မည့်အချိန်တွင် ဝဠာ့ကိုရွေးခဲ့မိခြင်းဖြစ်လိမ့်မည်။
YOU ARE READING
ချစ်ရပါသော ပျို ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?