My Dear ' PYO '
Part - 3< Bell ringing ... >
" ယေးးး ... ထမင်းစားချိန်ရောက်ပြီ။ သက်မနဲ့မြတ်မ အမြန်လုပ် ထမင်းစားဆောင်သွားမယ်။ ငါဆာလှပြီ "
" နေပါဦးပျိုရယ်။ နင်ကလည်း။ ဒီမှာစာအုပ်တွေတောင်မသိမ်းရသေးဘူး "
" ဟာ ... နင်တို့ကကြာတာကိုး။ ငါဆိုနာရီကြည့်ပြီး ၁၂နာရီမထိုးခင်ကတည်းက ဆရာမသိအောင် စာအုပ်တွေခိုးသိမ်းထားတာ။ အဲ့ဒါမှ ၁၂နာရီဒေါင်ဆိုတာနဲ့ ဝှစ်ခနဲပြေးလို့ရတာ "
" အေး။ နင်အဲ့လိုအလုပ်ကောင်းလို့ first yearတုန်းကလည်း ဆရာဆူတာခံရပြီးပြီမလား။ ဒါတောင်အမှတ်မရှိ။ စားဖို့သောက်ဖို့ပဲခေါင်းထဲရှိတဲ့ကောင် "
" နင်တို့ကလည်း စကားများလိုက်တာဟာ...။ ထမင်းစားခန်းကိုအမြန်သွားရပါမယ်ဆိုမှဟာ ... "
" ဟဲ့ ပျို။ နင်ကဘာတွေအရေးကြီးနေတာလဲ? နင့်အစားအသောက်တွေကဘယ်မှထွက်မပြေးဘူး။ နင့်ထမင်းဘူးထဲမှာပဲ အိမ်ကထည့်ပေးလိုက်တဲ့အတိုင်းအပြည့်အသိပ်ရှိနေမှာကို "
" သက်မ ... နင်မသိတာလည်းမဟုတ်ဘူးဟာ...။ ငါအမြန်စားမှဖြစ်မယ်။ မဟုတ်ရင် ငါစားချင်လွန်းလို့ ချက်ခိုင်းထားရတဲ့ပုစွန်ထုပ်ချဉ်စပ်လေး ဟိုကောင်တွေဆီပါသွားလိမ့်မယ်။ သူတို့မလာခင် ငါအမြန်စားထားမှဖြစ် "
" ဟေ့! ... လု လင် ပျို "
ဟင့်... ပြောလို့မှမဆုံးသေးဘူး။
ရောက်လာကြပြီ။ဟိုဘက်ခန်းကကောင်တွေ
" ကဲ ... ကြည့်ရအောင်။ ဒီနေ့ ငါတို့ရဲ့ထမင်းဘူးလေးက ဘာဟင်းများပါလိမ့် "
ပြောရင်းဆိုရင်း ကျွန်တော့်လက်ထဲကထမင်းဘူးလေးကိုဆွဲလုသွားတဲ့ သတိုး။
" ဝိုး ... ပုစွန်ထုပ်တွေပါလားကွ။ အနံ့ကလည်းမွှေးနေတာပဲ။ အတော်စားကောင်းမယ့်ပုံ။
အာကာ ... ဒီထမင်းဘူးယူလာခဲ့လိုက်။ ဝဠာ ... တေဇ ... စားဖို့သောက်ဖို့သွားကြမယ်သားကြီးတို့ "
" Ok "
လူ၅ယောက်အုပ်စုကတော့ အခန်းထဲကထွက်သွားဖို့ပြင်နေပြီ။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?