ချစ်ရပါသော ပျို ~
Part - 24================================
ကုတင်ပေါ်မှောက်ပြီးဘယ်လောက်ကြာအောင်အိပ်ပျော်ခဲ့တယ်ဆိုတာမသိ။ နိုးလာတော့ဇက်ကြောတွေနာနေတာပဲသိသည်။
" နိုးပြီလား "
" Hmm... အင်း "
" အာ့ဆို ငါ့ကိုရေယူပေးပါလား။ ငါရေသောက်ချင်လို့ "
" ဪ.. အေးအေး... ရော့ "
စားပွဲပေါ်ကရေကိုဖန်ခွက်နဲ့ထည့်ပြီးပေးလိုက်သည်။
" ကျေးဇူးပဲဟျောင့်... ငါနိုးကတည်းကရေသောက်ချင်နေတာ။ ကိုယ့်ဘာကိုယ်ထသောက်မလို့ပဲ..ဒါပေမယ့် မင်းကငါ့လက်ကိုဖိပြီးအိပ်နေတော့ ထမရတာနဲ့ မင်းနိုးတဲ့ထိစောင့်နေရတာ "
ဪ... လူနာစောင့်ကို လူနာကပြန်စောင့်ပေးနေရတဲ့အဖြစ်မျိုး။
ကောင်းရောဟ မင်းမြတ်ဝဠာ။" ဒါနဲ့ မင်းအတန်းသွားမတက်ဘူးလား.. အတန်းတက်မှ မင့်ဟာလေးနဲ့တွေ့ရမှာကို "
" No... ကိုယ့်သူငယ်ချင်းကသေမလိုဖြစ်နေတဲ့အချိန် အတန်းတက်ချင်ယောင်ဆောင်ပြီး ယောကျ်ားသွားပိုးနေရမှာ ငါရှက်တယ်.. အယ်လယ် "
ဝဠာ့စကားအဆုံးမှာ သတိုးကခေါင်းအုံးနှင့်လှမ်းရိုက်တော့သည်။
" အကောင်းမှတ်လို့နားထောင်နေတာ... မင်းကအခွက်လာပြောင်နေ... သေစမ်း "
" ဟာ... ဟေ့ဟေ့ မင်းလက်ကအပ်တန်းလန်းနဲ့နော်.. ဆေးသွင်းထားတာကကုန်သေးတာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ်လည်းလူနာဆိုတာသတိရဦး "
သတိပေးနေရင်းနဲ့ပဲ ခေါင်းအုံးကိုင်ပြီးလှမ်းရိုက်နေတဲ့သတိုးရဲ့လက်တွေကို ဝဠာဖမ်းချုပ်ထားလိုက်သည်။
ထို့နောက် ငြိမ်ကျသွားတဲ့သတိုးရဲ့ မျက်လုံးတွေထဲတည့်တည့်ကြည့်ရင်း နူးညံ့သောလေသံဖြင့်" သွင်းထားတဲ့ဆေးကုန်မှအိမ်ပြန်ရမှာဆိုတော့ ခဏလောက်ထပ်ပြီး ငြိမ်ငြိမ်လေးနေလိုက်ဦးနော်။ မင်းသတိရလာပြီဆိုတဲ့အကြောင်း ဒေါက်တာ့ကိုငါသွားပြောလိုက်ဦးမယ် "
အပြုံးတစ်ပွင့်လက်ဆောင်ပေးခဲ့ပြီးနောက်မှာ ဝဠာကတော့အခန်းထဲကထွက်သွားလေပြီ။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?