ချစ်ရပါသော ပျို ~
Part - 15================================
< ကျောင်းဆင်းချိန် >
" တာ့တာ... ပျို "
" နင်တို့၂ကောင် ဘယ်လိုဖြစ်လို့ အသည်းအသန်တွေ တာ့တာနေကြတာလဲ "
" အသည်းအသန်မဖြစ်လို့လည်းမရတော့ဘူးလေ။ ဟိုမှာ နင့်ရဲ့driverက မျက်လုံးစိမ်းကြီးနဲ့စိုက်ကြည့်နေတာ နဂါးသာဆို ငါတို့ပြာကျလောက်ပြီ "
" ဟုတ်ပါ့ အဲ့ ကိုတေဇကလေ အရပ်ရှည်သလောက် စိတ်ကလက်တစ်ဆစ်။ ဒေါသကလည်းကြီးပါ့။ သွားသွား.. နင်သွားတော့.. နင့်ကိုစောင့်ရလို့ သူ့ဒေါသတွေ ရေဆူအမှတ်ရောက်နေလောက်ပြီ။ မြန်မြန်သွားတော့ "
သက်နဲ့ မြတ်တို့ရဲ့စကားကြောင့် ကျောင်းပေါက်ဝကိုလှည့်ကြည့်မိတော့
ကိုယ်တော်က သူ့ရဲ့စီးတော်ယာဉ်
BMWကိုမှီပြီး ဗို့အား၃၆သိန်းလောက်ရှိတဲ့အကြည့်တွေနဲ့ ကျွန်တော့်ကိုလက်ပိုက်ကြည့်နေတာ။ဒီဇိုင်းကာလာ ဘာညာအနေအထားအရ ဒေါသထွက်နေပြီမှန်းသိသာနေတာမို့
" အေးအေး... ငါသွားပြီနော်။ ဆီးယူ မနက်ဖြန် "
အမြန်နှုတ်ဆက်ပြီး ကိုယ်တော့်ဆီအပြေးသွားလိုက်ရသည်။
" နောက်ကျတယ်။ မင်းကိုငါ ၁၅မိနစ်တိတိစောင့်ရတယ်။ ကတိအတိုင်း ကျောင်းအပြန်ဖယ်ရီတာဝန်ကိုငါယူထားတာမို့လို့သာ ဒီလောက်အထိစောင့်နေတာ။ မဟုတ်လို့ကတော့ မင်းလိုကောင်မျိုးကို ၁မိနစ်တောင်စောင့်နေဖို့စိတ်ကူးမရှိဘူး။ နားလည်လား? "
" စာမရှင်းပြပဲနေလိုက်မှာနော် "
ဒါပဲ။
တစ်ခွန်းတည်းနဲ့ တေဇထွဋ်ခေါင်ကို ပါးစပ်ပိတ်သွားစေမယ့်စကား။" အဟမ်း အေးလေ။ မင်းရဲ့ခေတ်ပဲ... လုပ်ထားပေါ့။ ကားပေါ်တက်တော့ "
ကားပေါ်ရောက်တာနဲ့ လူရှည်စိတ်တို ကိုတေဇက အမိန့်သံနဲ့ပြောလာပြန်ရော...
" ဟေ့ကောင် ကားပေါ်ရောက်ရင်ခါးပတ်ပတ်ပါလို့ ဘယ်နခါပြောရမှာလဲ "
" ကျွန်တော် တကယ်မကြိုက်ဘူး။ အဲ့ခါးပတ်ပတ်ရတာကို တကယ်ကိုမကြိုက်တာ... နေရတာမလွတ်လပ်ဘူး "
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?