" ချစ်ရပါသော ... ပျို ~ "
Part - 4" ဟဲ့ ပျို ... ငါတို့ ဒီကအပြန် လမ်းမှာကွတ်တီယိုဝင်စားရအောင်။ ဦးထွန်းလင်းခြံလမ်းထဲမှာဆိုင်အသစ်ဖွင့်တာ... ကောင်းတယ်တဲ့ "
" ဟာ... ကွတ်တီယို။ စားမယ် စားမယ် ... ...
အာ ... ငါလိုက်စားလို့မရဘူးလေဟာ "
" Ommo! ကွတ်တီယိုသရဲက ငြင်းနေတယ်ဟဲ့။ အထူးအဆန်းပါလား။ ဒီနေ့တော့ထီထိုးရတော့မယ်ထင်တယ် "
" ခင်သက်မရယ်..အဟင့်... ငါအလုပ်ဝင်ရမယ်လေ... "
" အယ် ဟုတ်သားပဲနော်။ အဲ့ဆိုင်ကလေ ခုမှအသစ်ဖွင့်တာမို့လို့ discountလည်း30%တောင်ပေးထားသေးတာတဲ့။ တခြားmenuတွေလည်းစုံတယ်တဲ့သိလား ပျိုရဲ့။ နင့်အလုပ်ကို နည်းနည်းနောက်ကျမယ်လို့ပြောထားလို့မရဘူးလား။ နာရီဝက်လောက်ပဲကြာမှာကို ... discountပေးထားတာ ဒီနေ့နောက်ဆုံးဟ "
" ဂါး ... နင်ကလည်းဟာ ... ငါကွတ်တီယိုဆိုအရမ်းကြိုက်တာသိရဲ့သားနဲ့။ အဲ့လိုလာပြောတော့ ငိုချင်တာပေါ့လို့ ... ငါ့အလုပ်က အချိန်နဲ့လုပ်ရတဲ့ part timeအလုပ်လေဟာ ... အချိန်ရွှေ့လို့ဘယ်ရမလဲ။ လူဆိုတာ ကိုယ့်အလုပ်အပေါ် တာဝန်ယူနိုင်ရမယ်ဟ။ နောက်နေ့မှပဲ သွားထပ်စားကြတာပေါ့ "
" အင်းပါ ... အာ့ဆို ငါတို့၂ယောက်က ဒီနေ့အစမ်းသွားစားထားကြည့်လိုက်မယ်နော်။ ဟီး... "
" အေးပါ အေးပါ။ သွားကြပါ။ နောက်နေ့မှ အဲ့ဆိုင်မှာဘာတွေကောင်းတယ်ဆိုတာပြန်ပြောပြ "
" အိုခေ။ အာ့ဆိုငါတို့သွားပြီနော်။ တာ့တာ "
" Ok တာ့တာ "
ခင်သက်နဲ့ မေမြတ်တို့ကတော့ စားဖို့သောက်ဖို့သွားကြလေပြီ။
ဟူး ... fightingဟျောင့်
ပျိုတစ်ယောက် လက်သီးဆုပ်ကာ'Fighting'ပြောရင်း ကိုယ့်ကိုကိုယ်အားပေးလိုက်သည်။
ထို့နောက် ထမင်းဘူးလေးဆွဲကာ လမ်းလျှောက်သွားရင်း City Express convenience store လေးထဲဝင်သွားလေသည်။" ဟော မောင်လေး ရောက်ပြီလား "
" ဟုတ်။ ကျွန်တော် ယူနီဖောင်းသွားလဲလိုက်ဦးမယ်နော်အစ်မ "
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?