Part 2(Unicode)

2.2K 156 8
                                    

My dear ' PYO '

" ပျို ~

ကိုယ့်နှလုံးသားထဲမှာ သံစဉ်တွေရှိတယ်
အဲ့ဒါတွေကို
မင်းနားထောင်တတ်ရင် ကြားနိုင်မယ် "

" ပျို ... နင်ခန့်မှန်းတာမှားသွားပြီနော်။
ဒီနေ့ ဒုတိယစာရောက်လာပြီ "

ကျွန်တော်အံ့သြမိတယ်။
ပြီးခဲ့အပတ်က ကျွန်တော့်ခုံပေါ်မှာစာတစ်စောင်ရှိနေခဲ့တယ်။
နောက်ရက်တွေမှာတော့ ဘာစာမှရှိမနေခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော့်ကိုတမင်လာစနေတာလို့ပဲထင်ပြီး 'ပြီးရင်ဘာမှဆက်ဖြစ်တာမဟုတ်ဘူး' လို့ခန့်မှန်းထားခဲ့တာ။

အရင်တစ်ခေါက်ကလိုပဲ။
မိုးပြာရောင်စာအိတ်ကလေးနဲ့
ခပ်စောင်းစောင်းလက်ရေး။
စာအိတ်ပေါ်မှာရေးထားတာကလည်း
' ချစ်ရပါသော ပျို 'ပဲ။

ဒါဆို အရင်အပတ်ကစာပို့တဲ့လူပဲ ဒီစာကိုထပ်ပို့သွားတာပေါ့ ... ။

ကျွန်တော်စာကိုသေချာပြန်ဖတ်ကြည့်လိုက်သည်။
ပြီးတဲ့နောက်မှာတော့ စိတ်ထဲကကောက်ချက်ချသည်။

* ဒီလူက ကဗျာတော့ဆန်သားပဲ *

ကျောင်းတက်ချိန်နီးလာတာနဲ့အမျှ အတန်းထဲတွင်တစ်စတစ်စနှင့်လူများလာလေသည်။

< Bell Ringing ... >
ကျောင်းတက်ခေါင်းလောင်းတီးပြီမို့ ကျောင်းသားများကိုယ့်နေရာကိုယ် အသီးသီးဝင်ထိုင်ကြသည်။

ထို့နောက် အတန်းချိန်ဝင်မည့်ဆရာ ဝင်လာပြီး

" ကဲ အားလုံးထပါ။ ဆရာ့ကိုနှုတ်ဆက်မယ် "

အတန်းမော်နီတာကသတိပေးလိုက်တော့ တစ်တန်းလုံးတညီတည်းမတ်တပ်ထရပ်ကြသည်။

"" မင်္ဂလာပါ ဆရာ ""

ဒီကျောင်းမှာ ဆရာတိုင်းကစည်းကမ်းကြီးသည်။
အထူးသဖြင့် ဒီနေ့ပထမဆုံးအတန်းဝင်မည့်ဆရာက အဆိုးဆုံးဖြစ်သည်။ အတန်းထဲကို သူမရောက်ခင်ကြိုရောက်နေမှကြိုက်သည်။ သူရောက်ပြီးတာနဲ့ အခန်းတံခါးပိတ်သည်။ အဲ့နောက်မှရောက်လာသည့် မည်သည့်ကျောင်းသားကိုမဆို အခန်းထဲပေးမဝင်။
၁မိနစ်နောက်ကျသည်ဖြစ်စေ၊ ၂မိနစ်နောက်ကျသည်ဖြစ်စေ လုံးဝနားလည်မပေးတတ်။
သူဝင်မည့်အချိန်တွင် စာအုပ်အဆင်သင့်ကြိုထုတ်ထားမှကြိုက်သည်။ စာသင်ချိန်တွင်အာရုံမစိုက်သူများအား အတန်းပြင်ထုတ်ကာအပြစ်ပေးတတ်သည်။ ထို့ကြောင့် ကျွန်တော်တို့အတန်းသားများသာမက တစ်ကျောင်းလုံးရှိကျောင်းသားတိုင်းကကြောက်ရသည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now