ချစ်ရပါသော ပျို ~
Part - 25================================================================
တီ တီ တီ တီ တီ
နှိုးစက်မြည်သံထွက်လာလာချင်းမှာပဲ လှမ်းပိတ်လိုက်သည်။
ခါတိုင်းဆိုလျှင် နားပိတ်ပြီးမရမကဆက်အိပ်တတ်ပေမယ့် ဒီနေ့တော့နှိုးစက်မမြည်ခင်ကတည်းကငုတ်တုတ်ထထိုင်နေမိသည်။" ငါဘာတွေဖြစ်နေတာပါလိမ့် "
စားပွဲပေါ်ထောင်ထားတဲ့ပြက္ခဒိန်လေးကိုလှမ်းကြည့်တော့ မှင်နီနဲ့အမှတ်အသားလုပ်ထားတဲ့နေ့စွဲတစ်ခု။
February 14
" ဒီနေ့ Valentine Dayပဲ ...
...
ငါProposeလုပ်ခံရတော့မှာပဲ
သူက မိုးပျံပူဖောင်းတွေအများကြီးနဲ့ ငါ့ရှေ့ကိုရောက်လာမှာများလား။ ဒါမှမဟုတ် အရုပ်အကြီးကြီးကိုင်ပြီး ရောက်လာမှာလား။ ဒါမှမဟုတ် အခုKFCမှာGAပေးနေတဲ့ ကြက်ကြော်ပန်းစည်းဆိုတာနဲ့များ proposeလုပ်မှာလား။ သူကငါ့အတွက် surpriseတွေ sparklingတွေများ စီစဉ်ထားဦးမှာလား။ နေပါဦး... အာ့ဆို ငါလည်းနည်းနည်းပါးပါးပြင်ဆင်သွားရမှာမဟုတ်ဘူးလား။ onlineမှာခဏခဏတွေ့နေရတဲ့ဟာတွေလို surprise proposalဆိုပြီးvideoပါချောင်းရိုက်ထားဦးမယ်ဆိုရင်...
မဖြစ်သေးပါဘူး... videoထဲမှာရုပ်ထွက်ကောင်းအောင် BellaMenလည်း သုံးသင့်ရင်သုံးရမယ် "
ကိုယ့်အတွေးနဲ့ကိုယ်အလွန်သဘောတွေ့ပြီး မျက်နှာကအလိုလိုပြုံးဖြီးလာသောကြောင့် လက်နှစ်ဖက်နှင့်အုပ်ကာမျက်နှာပိုးသတ်သော်လည်းမရ။ အိပ်ရာထဲလှိမ့်ရင်း တခွိခွိရယ်နေမိသည်။
ထို့နောက် သူတစ်ယောက်သာကြားရရုံလောက်သောအသံဖြင့် ကြိတ်ကာကြုံးဝါးလိုက်သည်။
" နောက်ဆုံးတော့ ငါproposeလုပ်ခံရဖူးတော့မယ်ကွ "
နိုးကတည်းကဆက်တိုက်မနားတမ်း ကျောင်းသွားဖို့သာပြင်ဆင်နေမိသည်။
ဆံပင်ကိုစိတ်တိုင်းကျပုံသွင်းသည်။ ကော့နေအောင်မီးပူထိုးထားသော ကျောင်းယူနီဖောင်းကိုဝတ်သည်။ နက်ခ်တိုင်ကိုကျကျနနချည်သည်။ ကိုယ်လုံးတစ်ဝက်ကျော်ပေါ်သောဗီဒိုမှန်ရှေ့တွင် အခါနှစ်ဆယ်လောက်ဘယ်လှည့်ညာလှည့်လုပ်ကြည့်ပြီးသောအခါ စိတ်ဓာတ်ကျစွာသက်ပြင်းချလိုက်သည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?