MMWL's Diary
••••••••••••••
Diary 1
မြို့ပြင်စံအိမ်ထဲကကုက္ကိုလ်ပင်ကြီးမှာ သစ်သားဆိုင်းဘုတ်ငယ်လေးတစ်ခု ထပ်ချိတ်ဖြစ်တယ်။
" သတိုး
အသက် (၂၁) နှစ် "*********
Diary 2
အိမ်နဲ့ရန်ဖြစ်တုန်းက ညဘက်ကြီးကားလျှောက်မောင်းရင်း အတူရောက်ဖူးခဲ့တဲ့တောင်ပေါ်မြို့လေးဆီ ငါတစ်ယောက်တည်းထပ်သွားဖြစ်တယ်။
ထူးဆန်းတယ်။ ပန်းတွေအားလုံးဝေတဲ့အချိန် ချယ်ရီတွေပွင့်မနေဘူး။
မင်းမရှိလို့နေမယ်။**********
Diary 3
သောက်နေကျEspressoတောင် အရင်လိုမခါးတော့ဘူး။
'မင်းမရှိတော့ဘူး' ဆိုတဲ့အသိနဲ့ နိုးထလာရတဲ့မနက်ခင်းတွေက ပိုခါးတယ်။*********
Diary 4
တက္ကသိုလ်ရိပ်သာလမ်းက ပိုင်ရှင်မဲ့သွားတဲ့အိမ်ကလေးဆီ ငါသွားကြည့်ဖြစ်တယ်။ ရမ်းသမ်းပြီးရိုက်ကြည့်ခဲ့တဲ့ အမှတ်တရနေ့စွဲတွေအများကြီးထဲမှာ အိမ်တံခါးသော့ရဲ့pinနံပတ်က ငါ့မွေးနေ့။မင်းသုံးခဲ့တဲ့ဖုန်း အိပ်ခန်းစားပွဲပေါ်မှာတွေ့လို့ အားသွင်းပြီးဖွင့်ကြည့်မိတယ်။ Passwordက " mmwl1997 " .
အိမ်လေးနည်းနည်းရှင်းပေးရင်း ငါ့လက်ဒဏ်ရာရသွားသေးတယ်။ ဟန်းဒီးပလပ်စ့်ကပ်ဖို့ဆေးသေတ္တာလိုက်ရှာတော့ သေတ္တာထဲမှာအများဆုံးက ငါသုံးရတဲ့အလက်ဂျစ်ပျောက်ဆေး။
ငါ့ကို နောင်တတွေထပ်ရစေတဲ့အရာတွေပေါ့ကွာ။
ကျေးဇူးပြုပြီး... ကောင်းကင်ဘုံမှာတော့ မင်းအတွက်မင်းရှင်သန်ပါ။*********
Diary 5
ညနက်တဲ့အထိအပြင်မှာနေဖြစ်တဲ့နေ့တွေ ကိုယ်တိုင်ကားမောင်းပြီးအိမ်မပြန်ချင်တဲ့အခါ မင်းဆီဖုန်းခေါ်မိတယ်။
မေ့လို့။
မင်းမှမရှိတော့ပဲ။*********
Diary 6
သူငယ်ချင်းတွေအတူတူဈေးဝယ်ထွက်ရင်း ငါ့အတွက်အင်္ကျီရွေးတော့ " သတိုးရေ.. ဒါငါနဲ့လိုက်လား "လို့ အမှတ်တမဲ့လှမ်းမေးလိုက်မိတယ်။ တေဇက သနားသလိုကြည့်တယ်။ လျှမ်းထက်နဲ့အာကာကတော့ ငါ့ကိုနားမလည်သလိုအကြည့်တွေနဲ့။ သူတို့ကပြောတယ်။
" မင်းမရှိတော့ဘူးလေ... " တဲ့။ငါသိပါတယ်။
တစ်ခါတစ်လေတော့လည်း မသိစိတ်က လက်မခံမိရုံ။*********
Diary 7
Congratulations ပေါ့ကွာ။
ငါ့ဆီကနေလွတ်မြောက်ပါ။ ။
*****************************
ပြီးပါပြီ။ ။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?