ချစ်ရပါသော ပျို ~
Part - 13================================
< Bell Ringing >
အတန်းချိန်ပြီးပြီမို့ အခန်းထဲကထွက်သွားသောဆရာမကိုနှုတ်ဆက်ပြီး စာရေးကိရိယာများကို တစ်ခုဆီဖြည်းဖြည်းချင်းကောက်သိမ်းနေသော လုလင်ပျို။
ခါတိုင်းဆိုလျှင် ထမင်းစားချိန်ရောက်တိုင်း အမြဲလိုလိုတက်ကြွနေတတ်သောပျိုက ယနေ့တွင်မူထူးဆန်းလွန်းလှသည်။
စားရသောက်ရတော့မည်ကိုပင်စိတ်မပါသလို...
ပုံစံက နုံးချိနေသည်။" နင် အဆင်ပြေရဲ့လား "
စိတ်ပူနေသောမျက်လုံးများနှင့် မေမြတ်ကမေးလာသည်။
" အင်း..ပြေပါတယ် "
" နင့်ကိုကြည့််ရတာအရမ်းနုံးနေသလိုပဲ။ နင်ဘာဖြစ်နေတာလဲဟင် "
ခင်သက်ကပါစိုးရိမ်တကြီးမေးလာရလောက်အောင် ကျွန်တော့်ပုံစံကသိသာလွန်းနေသလား?
" ဘာမှမဖြစ်ပါဘူးဟ "
" ဘာမှမဖြစ်ဘူးသာပြောတယ်... နင့်ပုံစံကတစ်ခုခုကြောင့်သောကရောက်နေသလိုပဲ "
" အင်းလေ.. ငါတို့စိတ်ပူတယ် "
အသက်ကိုဝဝရှူကာ ပြုံးပြလိုက်သည်။
ဒီသူငယ်ချင်းမလေးတွေက အမြဲလိုလိုစနောက်နေကြပေမယ့် တစ်ခုခုဖြစ်ပြီဆိုရင်လည်း ဂရုတစိုက်ရှိနေပေးတတ်ကြတယ်။
သူတို့တွေကို ဆက်ပြီးစိတ်မပူစေလို။" ဘား..မဖြစ်ပါဘူးဆိုဟာ။ လာ ကန်တင်းသွားကြမယ်။ ငါဗိုက်ဆာနေပြီ "
" ပျို .. နင်ဗိုက်ဆာတယ်လည်းပြောသေးတယ်။ ဘာမှလည်းဟုတ်တိပတ်တိမစားပါလား။ ထမင်းဘူးကလည်းခုထိမလျော့သေးဘူး။ မှာထားတဲ့စားစရာတွေကိုလည်းမထိရသေးဘူး "
မေမြတ်စကားကိုကြားတော့ ပရှူးထမင်းကြော်ကိုအားမာန်အပြည့်နဲ့ငုံ့စားနေသော ခင်သက်ကပါ ခေါင်းထောင်လာသည်။
" အေးလေ။ နင်ဘာဖြစ်နေတာလဲ?
နင့်စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာ သေချာပြောပြစမ်းပါဟဲ့ "နှစ်ယောက်လုံးက သူ့ကိုသာကြည့်ပြီး အဖြေမချင်းမေးနေမည့်သဘောရှိနေတာကြောင့်
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?