Part 22(Unicode)

929 82 10
                                    

ချစ်ရပါသော ပျို ~
Part - 22

================================

စိတ်ပြေလက်ပျောက်barမှာလာထိုင်မိသော်လည်း ညနေကတွေ့ခဲ့တဲ့ပုံရိပ်များကသာ ဝဠာ့အာရုံထဲကြီးစိုးနေသည်။

" အပျင်းဆုံးဟာပေး "

တစ်ခွက်ပြီးတစ်ခွက်ထိုင်သောက်နေခဲ့မိတာ အမြင်အာရုံတွေဝေဝါးလာတဲ့အထိ။

📨 Come n see me @ xxxbar

ကားမမောင်းနိုင်တော့တဲ့ ကိုယ့်အခြေအနေကိုယ်သိတာကြောင့် သတိုးဆီsmsလှမ်းပို့လိုက်သည်။

အေးအေးဆေးဆေးဆက်ပြီးထိုင်သောက်နေတုန်းမှာပဲ အနားကပ်လာတဲ့လူတစ်ချို့ကြောင့် ရန်ဖြစ်ရတော့မယ်ဆိုတာ ဝဠာသိလိုက်သည်။

" Hello မင်းမြတ်ဝဠာ... ဟိုတစ်ခေါက်က မင်းနဲ့ငါတို့ကြား အကြွေးလေးနည်းနည်းတင်ထားတယ်ထင်တယ်နော် "

[ A/N: part16 ဝဠာနဲ့barမှာရန်ဖြစ်ထားတဲ့case ]

" အဲ့တော့... ''

" အဲ့တော့... အဲ့အကြွေးလေး အခုဆပ်လိုက်ရင်ကောင်းမလားလို့ "

" Hak! အကြွေးသစ်ထပ်တင်သွားရင်ဘယ်လိုလုပ်မလဲ "

" ဘယ်သူကကြိုသိနိုင်မှာလဲ... သတ္တိရှိရင် barအနောက်ဖက်လိုက်ခဲ့ပေါ့ "

အရင်တစ်ခေါက်ကခံလိုက်ရတာတောင်အမှတ်မရှိပဲ မင်းမြတ်ဝဠာရဲ့ဇကို လာစမ်းရဲသေးတယ်။
တော်တော်ဦးနှောက်မရှိတဲ့ကောင်တွေ။

ဒီBarအနောက်ဖက်လမ်းကြားဆိုတာ သူတို့လိုသူဌေးသားတွေအတွက် ပုံမှန်ရန်ဖြစ်နေကျနေရာ။

ထိုးသံကြိတ်သံကြားရင်လည်း ဘယ်သူမှအဖတ်လုပ်ပြီးဝင်မဆွဲဘူး။
ရဲလှမ်းတိုင်တာမျိုးလည်းမရှိဘူး။

တိတ်ဆိတ်နေတဲ့လမ်းကြားလေးက အခုတော့အသံတစ်ချို့နဲ့ဆူညံနေလေရဲ့။

••••••••••••

Come n see me @ xxxbar

နာရီကိုကြည့်လိုက်တော့ ည ၉နာရီခွဲ။

ဝဠာ့ဆီကsmsရရချင်း ကားသော့ဆွဲပြီးထွက်သွားလိုက်သည်။

" ဒီကောင် မူးပြီးမှောက်နေပြီထင်တယ် "

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now