ချစ်ရပါသော ပျို ~
Part - 20================================
[ A/N: Valentine Dayမရောက်သေးဘူးလို့သတ်မှတ်ပေးကြပါ။ ပြီးတော့ အပြင်ကတက္ကသိုလ်တွေမှာ ကျောင်းတွေတောင်ပိတ်ထားပြီဆိုပေမယ့် ဒီဇာတ်လမ်းထဲမှာတော့ ခုထိစာမေးပွဲတောင်မဖြေရသေးပါဘူး။ အချိန်တွေကွက်တိကျအောင်ရေးချင်ပေမယ့် ဘယ်လိုမှညှိလို့မရတော့တဲ့အတွက် အဆင်မပြေမှုတွေဖြစ်သွားရတာကို အနူးအညွတ်တောင်းပန်အပ်ပါတယ်]
ကျောင်းမှာtutorialမရှိတဲ့နေ့မို့ ပျို၊ သက်နဲ့ မြတ်တို့သုံးယောက်သား မုန့်လျှောက်စားရင်း လျှောက်လည်ဖို့ချိန်းထားကြသည်။
ပြီးခဲ့တဲ့ရက်က ပျိုနဲ့ကတိပေးထားတဲ့အတိုင်း တုတ်ထိုးဟော့ပေါ့သွားထပ်စားကြပြီး ကစားကွင်းလည်းသွားကြသည်။
" ဒီကပြန်ရင် ပန်းချီပြခန်းသွားရအောင်။ အဲ့မှာအခု ပန်းချီပြပွဲလုပ်နေတာ... "
အမြဲလိုလိုစပ်စလူးထနေတတ်ပေမယ့် ပန်းချီတွေကိုချစ်တတ်သည့်ခင်သက်က ပန်းချီပြပွဲသွားရန်ပြောသောအခါ မေမြတ်နဲ့ လုလင်ပျိုတို့က
" No ပါ "
" မသွားချင်ပါဘူး "ပြိုင်တူငြင်းကြလေသည်။
ထိုအခါ ခင်သက်ခမျာ မျက်နှာလေးရှုံ့တွပြီး အသနားခံရတော့သည်။
" နင်တို့ကလည်းဟာ... ဒီတစ်ခါပဲလိုက်ခဲ့ပေးကြပါလား... အခုပွဲမှာ ငါအရမ်းကြိုက်တဲ့ဆရာကြီးတွေရဲ့လက်ရာတွေ အများကြီးပြထားမှာဟ... ငါမဝယ်နိုင်သေးပေမယ့် သွားတော့ကြည့်ချင်လို့ပါ... လိုက်ခဲ့ပေးကြပါဟာ... နော် "
ခင်သက်က တကယ်ကြီးကိုစိတ်အားထက်သန်နေပုံရတာကြောင့် မေမြတ်ရော ပျိုပါ သနားမိသွားသည်။
" အေး အေး အေး... လိုက်ပေးမယ် ဟုတ်ပြီလား။ ပျို... လိုက်သွားပေးလိုက်မယ်ဟာ.. နော် "
" ဟို... ငါအားရင်လိုက်ပေးပါတယ်။ ဒါပေမယ့် ဒီကအပြန် တေဇကိုစာသင်ပေးရဦးမယ်ဟ။ သူနဲ့က ချိန်းထားပြီးသားကြီးဖြစ်နေပြီ "
" ဒါဆိုလည်း ငါပဲလိုက်သွားပေးလိုက်တော့မယ်။ သူငယ်ချင်းသုံးယောက်အတူသွားချင်ပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ "
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?