ချစ်ရပါသော ပျို ~
Part - 7====================
< Bell Ringing ... >
" ဟဲ့ ပျို "
" ဟင် ဘာလဲ? "
" အခု FAအတန်းချိန်က ဆရာအသစ်ဝင်မှာတဲ့။
နင်သိပြီးပြီလား? "" ဟေ ... ဟုတ်လား "
" အေးဆို။ အသက်ကြီးကြီးဆရာလို့ပြောသံကြားတယ်။ ကျောင်းဥက္ကဌကြီးတွေကိုတောင်သင်ခဲ့တာဆိုလားပဲ "
" အမယ်။ သက်မ သိလှချည်လား "
" ဟဲဟဲ။ ဒီကျောင်းမှာ ခင်သက်တို့က အထူးသတင်းထောက်ပဲလေ။ ကျောင်းအုပ်ကြီးsmallဆွဲတာကအစ၊ ကျောင်းစောင့်ကြီးမွေးထားတဲ့ခွေး ကလေးမွေးတာအဆုံး၊ ခင်သက်မသိတာဘာမှမရှိ "
" အေးပါဟယ်...အေးပါ။
'ခင်သက် knows everything'ပါ "" ခုလိုအသိအမှတ်ပြုပေးတာ ကျေးဇူးအထူးပါ အစ်မမေမြတ်ရှင့် "
" ရပါတယ်ရှင့် "
" နင်တို့နှစ်ယောက်က ဘယ်လိုတောင်ကျပ်မပြည့်ကြတာလဲဟာ "
""" ဟားဟား ဟားဟား ဟားဟား """
သူငယ်ချင်း၃ယောက် တူညီစွာရယ်မောမိကြသည်။
ထိုစဉ် အတန်းထဲသို့ ဆရာဝင်လာသောကြောင့် အတန်းခေါင်းဆောင်ကမတ်တပ်ထရပ်လိုက်ပြီး ...
" အားလုံးပဲ ဆရာ့ကိုနှုတ်ဆက်မယ် "
""" မင်္ဂလာပါ ဆရာ """
" အေး ထိုင်ကြ "
""" ကျေးဇူးတင်ပါတယ် ဆရာ """
ဆရာအသစ်မို့ ပျိုတို့အားလုံး သေချာလိုက်ကြည့်မိသည်။
လည်ကတုံးအဖြူပေါ် တိုက်ပုံထပ်ဝတ်ပြီး
ပုဆိုးနှင့်စာလာသင်သောဆရာသည် "The Universe"ကျောင်းဝင်းတစ်ခုလုံးတွင် ဒီဆရာတစ်ယောက်သာရှိလိမ့်မည်။
အသက်က၇၀ကျော်လောက်ပြီဟုပင် ထင်ရလျက်
ဒေါသကြီးမှန်းသိသာနေသောမျက်နှာနှင့် ဆရာသည် အတန်းထဲဝင်လာကတည်းက သစ်သားတုတ်တစ်ချောင်းကို လက်ကကိုင်လာသည်။" ကဲ သင်ခန်းစာ စမယ်။
စာမျက်နှာ ၁၈ကိုလှန် "ကျောင်းသားအားလုံး တုတ်တုတ်မျှမလှုပ်ရဲပဲ
ဆရာတွက်ပြသော accounting ပုစ္ဆာများကိုလိုက်ကြည့်နေချိန်တွင် ဘေးခုံမှ စပ်စုစိန်ခင်သက်က ပျို့နားကပ်ကာစကားတိုးတိုးလာပြောသည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Genç Kurguချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?