Part 31(Unicode)

1K 81 8
                                    

ချစ်ရပါသော ပျို ~
Part - 31

================================

" မင်း..အဲဒီ့လို တကယ်ပဲဖြစ်စေချင်တာလား ပျို "

" အင်း ဟုတ်တယ် "

ချစ်ရသူက ပြတ်သားစွာပြောနေ၏။
သူ့နောက်တွင်ယိုင်တိုင်တိုင်နှင့်ရပ်နေသောဝဠာကလည်း နှုတ်ခမ်းထောင့်တွင်သွေးစွန်းနေသည့်တိုင် ခနဲ့သည့်အပြုံးကိုရအောင်ပြုံးပြနေသေးသည်။

" တောက် !! "

တောက်တစ်ချက်သာခေါက်ပြီး သူတို့ရှေ့ကထွက်သွားလိုက်တော့၏။

တေဇထွက်သွားပြီးနောက် လုလင်ပျိုတစ်ယောက် ကျောက်ရုပ်လိုရပ်နေမိသည်။

တောက်ခေါက်ပြီး တေဇထွက်သွားတယ်။
သူ့မျက်လုံးထဲကဝမ်းနည်းရိပ်တွေ...
သူ.. ငိုနေတာလား...
သူ ငိုသွားခဲ့တာလား...
ငါ့လိုလူအတွက်လေ... ?

ကိုယ့်ကိုကိုယ်သတိမထားမိလိုက်ခင် ပါးပြင်ပေါ်မှာခံစားလိုက်ရတဲ့ ပူနွေးစိုစွတ်မှု။

ဟင်!
ငါကရော ငိုနေမိတာလား...?

ငါပဲနှင်ထုတ်လိုက်တာလေ...

တဖြည်းဖြည်းရင်ထဲတွင်ဆို့နင့်ပြီး အသက်ရှူမဝသလိုဖြစ်လာ၍ နက်ခ်တိုင်ကိုဒေါသတကြီးဆွဲလျှော့လိုက်မိသည်။

ဘာလို့လဲ...
ဘာလို့ ဒီလောက်တောင် နာကျင်နေရတာလဲ?

တေဇထွက်ခွာသွားရာလမ်းတစ်လျောက်ကိုရပ်ကြည့်နေရင်း နာကျင်ရသည့်အကြောင်းအရင်းကိုရှာဖွေနေမိ၏။

'ရင်းနှီးခဲ့ရဖူးသောမိတ်ဆွေတစ်ယောက်နှင့် ခွဲခွာလိုက်ရသောကြောင့် နာကျင်ရခြင်းဖြစ်သည်'ဟူ၍သာ အတင်းအကြပ်ယုံကြည်ပစ်လိုက်သည်။
ယခုအချိန်မှာ ကိုယ်က ဝဠာ့ချစ်သူဖြစ်နေသည်မလား...

သူတို့နှစ်ယောက်တွင် ဘာပြဿနာတွေရှိနေခဲ့သည်မသိ။
လမ်းခွဲဖို့ခိုင်လုံသည့်အကြောင်းတစ်စုံတစ်ရာမရှိသေးသရွေ့တော့ ဝဠာ့အပေါ် တတ်နိုင်သလောက်သစ္စာစောင့်ထိန်းချင်သည်။
ဒါကြောင့်လည်း ဝဠာနဲ့တေဇကြား တစ်ယောက်ကိုသာရွေးရတော့မည့်အချိန်တွင် ဝဠာ့ကိုရွေးခဲ့မိခြင်းဖြစ်လိမ့်မည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now