ချစ်ရပါသော ပျို ~
Part - 11================================
" ချာတိတ် "
" ဟင်။ ခင်ဗျားက ဘယ်ကရောက်လာတာလဲ "
" မုန့်လာစားတာ "
ဘယ်ကရောက်လာမှန်းမသိတဲ့ဝဠာက ပျို့ဘေးမှာဝင်ထိုင်လိုက်သည်။
" မင်းကဘာလုပ်နေတာလဲ "
" ဪ ... ဒီမှာ ဒီဘဲကြီးကိုစာရှင်းပြနေတာ။
FAဖြစ်ပြီးFAမရလို့တဲ့ "" ထားပါ။ ငါစိတ်မဝင်စားဘူး။ ငါစိတ်ဝင်စားတာမင်းကိစ္စပဲ "
" ဟင် "
" ဒါပြီးရင် ဘာလုပ်စရာရှိလဲ "
" အင်း... ဒါပြီးရင်တော့ ... "
" လုပ်စရာရှိရှိ မရှိရှိ ငါနဲ့လိုက်ခဲ့။ သွားစရာရှိတယ် "
" စာမေးပွဲအတွက်စာကျက်ရဦးမယ်ဗျ "
" လိုက်မှာလား မလိုက်ဘူးလား တစ်ခုပဲဖြေ "
စူးရှရှအကြည့်တို့နဲ့ ခက်ထန်စွာမေးလာတဲ့ ဝဠာ့ရဲ့စကားကို ကျွန်တော်ငြင်းဆန်နိုင်စွမ်းမရှိ။
" ဟုတ်။ လိုက်ပါ့မယ်။ မကြာဘူးမလား "
" ဒါကတော့ အခြေအနေအရပဲ "
ငင့်!
ဒီလူနဲ့တော့ ခက်ပါတယ်။
ဘာမဆို သူ့စိတ်တိုင်းကျလုပ်လိုက်ရမှ။တကယ်ဆို
ကိုယ်ကိုယ်တိုင်ကလည်းပိုခက်ပါတယ်။
ဒီလူ့စကားဆိုရင်မလွန်ဆန်ရဲ။
စူးရှရှသူ့အကြည့်တွေကို ရင်မဆိုင်ရဲ။မျက်မှောင်ကြုတ်ပြီးသူကြည့်လိုက်ပြီဆိုလျှင်
ရင်ထဲလှပ်ခနဲခုန်သည်။
ဒါက မသိစိတ်ထဲက ဘာမှန်းမသိသောခံစားချက်တစ်ခု။ဝဠာကတော့ သူဖြစ်ချင်တာသူပြောပြီး
ပျိုမှာထားသည့်အအေးကို ဟန်ပါပါသောက်နေသည်။" ဒီမွာ ငါအဖြေမညီဘူး "
မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့တေဇက
လက်ထဲကဘောပင်နှင့် ခုံကိုတဒေါက်ဒေါက်ခေါက်ရင်းပြောသည်။ဝဠာနဲ့ပျိုတို့ နှစ်ယောက်သားချိန်းဆိုနေချိန်တွင် ဝင်နှောင့်ယှက်လိုက်သည့်အနေအထားမျိုး။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?