ချစ်ရပါသော ပျို ~
Part - 16================================
(A/N: ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ သုံးထားမိတဲ့အတွက် နားလည်ပေးဖို့အထူးတောင်းဆိုပါတယ်နော်... ဟီးဟီး😁😁 )
ညစဉ် သမိုင်းပေးတာဝန်လို ထမ်းဆောင်နေမြဲဖြစ်သော 'သူမသိအောင် တကောက်ကောက်လိုက်ကာစောင့်ရှောက်ခြင်း' တာဝန်ကို ထမ်းဆောင်ပြီးနောက် တိုက်ခန်းကျဉ်းလေးဆီသို့ပြန်လာလိုက်သည်။
လေတချွန်ချွန်နဲ့ လှေကားထစ်တွေကိုသွက်လက်စွာကျော်ခွတက်လာပြီးတဲ့နောက်မှာ မှောင်းမည်းနေသောတိုက်ခန်းဟောင်းလေး၏ တံခါးကိုဖွင့်လိုက်သည်။
" အင်း.. "
" အွန်း.. ဟင်း.. ... "ရမ္မက်ထန်နေသောညည်းသံများ
" တောက် !!! "
ဒေါသတကြီးတောက်ခေါက်သံနဲ့အတူ
အခန်းမီးကိုချက်ချင်းဖွင့်လိုက်သည်။
မြင်လိုက်ရသည်က...အသက်ကြီးကြီးယောကျ်ားတစ်ယောက်နဲ့ ခပ်ငယ်ငယ်မိန်းမတစ်ယောက်။
နှစ်ယောက်ထိုင်ဆိုဖာခုံရှည်ပေါ်တွင် ဖြစ်ချင်တိုင်းဖြစ်နေကြသည်က မသတီစရာ။" ထွက်သွား!! အခုချက်ချင်းထွက်သွား!! ခင်ဗျားရော..ခင်ဗျားကောင်မရော ကျက်သရေတုန်းလွန်းလို့ ဘယ်စောက်ခွက်မှမမြင်ချင်ဘူး။ ထွက်သွား...ခုချက်ချင်း!!! "
အမျိုးသမီးငယ်ကတော့ အဝတ်အစားများကို အရှက်လုံရုံအမြန်ဝတ်ပြီး ကြောက်လန့်တကြားထွက်သွားလေသည်။
" ခင်ဗျားကဘာထိုင်လုပ်နေတာလဲ?
ခင်ဗျားကို ကျွန်တော်ရှိတဲ့နေရာမလာနဲ့လို့ ပြောထားပြီးသားနော်။ ထွက်သွား "" မင်းပြောတာဆိုတာတွေ သိပ်ရိုင်းမနေဘူးလား တေဇထွဋ်ခေါင်။ ငါကမင်းအဖေဆိုတာ မင်းမေ့နေလား "
" ဟက်! မာဆတ်ကကောင်မတစ်ကောင်နဲ့ လောလောလတ်လတ်ကြီးပလူးနေတဲ့မြင်ကွင်းကို သားတစ်ယောက်ရှေ့မှာမြင်စေခဲ့တဲ့ခင်ဗျားက ရိုရိုသေသေဆက်ဆံခံချင်တယ်ပေါ့... ဟုတ်လား? ခင်ဗျားက အဲ့လိုဆက်ဆံပေးဖို့ တန်သလား ပြော "
" တေဇထွဋ်ခေါင်!! ငါ့ဘာငါဘယ်လိုပဲနေနေ ငါကအဖေ။ မင်းကသား။ မင်းမှာ ငါ့ကို ဒီလိုပြောပိုင်ခွင့်မရှိဘူး "
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?