Part - 7

6.8K 755 56
                                    

ချစ်​ရပါ​သော ... ပျို ~
Part - 7

=================

" ငါ့ကားကို ဘယ်​​ကောင်​ ဘာလုပ်​လိုက်​တာလဲကွ !! "

" ဗျာ ... ဟို ဟို ... ကျွန်​​တော်​ဘာမှမလုပ်​ပါဘူး။
သူ့ဘာသူ မ​တော်​တဆထိမိသွားရင်းနဲ့ ကားကထ​အော်​တာပါ။ ကျွန်​​တော်​ ဘာဆိုဘာမှမလုပ်​မိပါဘူးဗျာ။ သူ့ဘာသူထ​အော်​တာပါ "

ကားပိုင်​ရှင်​ရဲ့မျက်​နှာကိုမမြင်​ရ​သေးခင်​ကပင်​ သြဇာပြည့်​ဝတဲ့အသံ​ကြောင့်​ ပျိုတစ်​​ယောက်​ဖင်​တုန်​​အောင်​​ကြောက်​​နေပြီမို့
ပျာပျာသလဲ ​ဖြေရှင်းပြ​နေရင်း ...

အနား​ရောက်​လာတဲ့ကားပိုင်​ရှင်​ကို​မော့ကြည့်​မိ​တော့ ...

" ဟင်​ ခင်​များ! "

" လာပြန်​ပြီ။ မင်းပဲလား "

" ဟို ... ကျွန်​​တော်​ ... "

ပျိုက​တော့ ရှင်းပြဖို့ကြိုးစားရင်း
ချွေးသီး​ချွေး​ပေါက်​ကျ​လေပြီ။

ကားပိုင်​ရှင်​က​တော့ 'ဘာလုပ်​​ပေးမှာလဲ'ဟူ​သောသ​ဘောဖြင့်
ပျို့ကိုသာ ​စေ့​စေ့ကြည့်​​နေ​လေသည်​။

" ကျွန်​​တော်​ ... "

" ကျွန်​​တော်​ဘာဖြစ်​လဲ? ဆက်​​ပြော​လေ "

" ကျွန်​​တော်​ဘာမှမလုပ်​ "

" မင်းဘာမှမလုပ်​ပဲ ငါ့ကားကထမြည်​မလား "

" ​တကယ်​​ပြောတာပါဗျာ။ ကျွန်​​တော်​ ... ဘာဆိုဘာမှမလုပ်​ပါဘူး။ ကားက​လေ ... ကျွန်​​တော်​ဒီနား​ရောက်​ကတည်းက သူ့ဘာသူ ... မြည်​​နေတာပါ။ ကျွန်​​တော် ...​ဘာမှမလုပ်​ဘူး "

" ဒါဆိုရင်​ ဒီစက်​ဘီးတာယာ အရာကြီးက ဘယ်​က​ရောက်​လာတာလဲ "

" ဟင်​! "

ဝဠာ​ပြောမှ ​သေချာကြည့်​မိသည်​။

ပြောင်​လက်​​နေ​သော အနက်​​ရောင်​ကား​ဘော်​ဒီမှာ ​ရွှံ့​ရောင်​စက်​ဘီးတာယာပုံစံကြီးက အစင်းလိုက်​ အထင်းသား။

" ဟို ...

ဒါက တမင်​လုပ်​တာမဟုတ်​ပါဘူး။
စက်​ဘီးက ဘရိတ်​​ချော​နေတာနဲ့ အရှိန်​ထိန်းမရဖြစ်​သွားတာ။ ပြီး​တော့ ခင်​များကားကလည်း လမ်းတည့်​တည့်​ပိတ်​ရပ်​ထားတာကိုးဗျ "

ချစ်​ရပါ​သော  ပျို ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now