ချစ်ရပါသော ပျို ~
Part - 10================================
မင်းမြတ်ဝဠာ။
ဇတ်ဇတ်ကြဲသတိုးက မင်းနဲ့ပတ်သတ်လာရင် အရာရာသည်းခံပေးတတ်တာ မင်းသတိမထားခဲ့မိဘူးလား ...ငါ့ကိုဆိုရင် ဘယ်တော့မှဦးစားမပေးတတ်တဲ့မင်းကိုမှ၊
ငါ့စကားဆိုရင် ဘယ်တော့မှအလေးမထားတတ်တဲ့မင်းကိုမှ၊
ငါ့ကိုဆိုရင် အမြဲလိုလိုအနိုင်ယူတတ်တဲ့မင်းကိုမှ ...ဟင်း ... ...
ကြိုက်သလိုအနိုင်ယူပါ။
ငါ အမြဲအရှုံးပေးထားတယ်။
...ချစ်တာမို့လို့ ...။
ကျောင်းကပြန်ရောက်ရောက်ချင်း
ကျောပိုးအိတ်ကိုစားပွဲပေါ်ပစ်တင်ကာ
ကုတင်ပေါ်နွမ်းလျစွာ လှဲချလိုက်သည်။
နက်ခ်တိုင်ကိုအနည်းငယ်ဖြေလျှော့လိုက်ပြီး
စီးကရက်တစ်လိပ်ကိုမီးညှိလိုက်သည်။ခါတိုင်းလည်း စိတ်ညစ်ရင်ဆေးလိပ်သောက်နေကျပေမယ့်
ဒီနေ့မှ စီးကရက်ကလည်း ဖွာလို့မကောင်းလိုက်တာ။ကုတင်ပေါ်မှာခြေပစ်လက်ပစ်လှဲရင်း မျက်နှာကျက်ဆီသာ ဆေးလိပ်ငွေ့များကိုမှုတ်ထုတ်နေမိသည်။
လူရောစိတ်ရော သိပ်ကိုပင်ပန်းနေပြီလေ...။
အထက်တန်းအရွယ်မှာကတည်းက ကိုယ့်ရဲ့စိတ်ဝင်စားမှုက အခြားယောကျ်ားလေးများနဲ့မတူမှန်းသိခဲ့ရသည်။
ရွယ်တူယောကျ်ားလေးများက အပြိုင်အဆိုင်လိုက်ပိုးနေကြသော ကျောင်း၏အချောဆုံးမိန်းကလေးများကိုပင် ကိုယ်ကဘယ်လိုမှခံစား၍မရခဲ့။မိန်းကလေးများကိုခံစား၍မရသော်လည်း ယောကျ်ားလေးတိုင်းကိုလိုက်ကြိုက်နေသူလည်းမဟုတ်။
ပုံမှန်မဟုတ်သောနှလုံးသားကို လှုပ်ခတ်လာစေသူမှာ တစ်ယောက်သာရှိခဲ့သည်။
ထိုလူနှင့်တွေ့လျှင် ပျော်ရွှင်ပြီး
ထိုလူ့အကြောင်းကိုတွေးမိရုံနဲ့တင် နှုတ်ခမ်းများကအလိုလိုပြုံးမိလျက်သားဖြစ်နေတတ်ခဲ့သည်။
နေ့ရက်တိုင်း ထိုလူ့ကိုမြင်နေချင်ပြီး အချိန်တိုင်း ထိုလူ့အနားမှာပဲရှိနေချင်သည်။တစ်ဆက်တည်းမှာပဲ
Gayဖြစ်နေသောကိုယ့်ဘဝကိုယ်သိမ်ငယ်မိသည်။
သိပ်ချစ်ရသောသူကသိသွားခဲ့လျှင် ကိုယ့်ကိုရွံသွားမှာစိုးရိမ်သည်။
သူငယ်ချင်းဖြစ်ခွင့်တောင်မရတော့ပဲ အဝေးရောက်သွားရမည့်အဖြစ်ကို တွေးလိုက်တိုင်းရင်ထဲဆို့နင့်လာရမြဲ...။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Novela Juvenilချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?