Part 6(Unicode)

1.4K 130 5
                                    

ချစ်ရပါသော ... ပျို ~
Part - 6

==================

" ဝဠာ
မင်းအခုတလောဘာဖြစ်နေတာလဲ? "

ကန်တင်းမှာထိုင်ထိုင်ချင်း သတိုးဆီမှထွက်လာသော ဆိုင်းမဆင့်ဘုံမဆင့်အမေးစကား

" ငါက ဘာဖြစ်နေလို့လဲ "

" မင်း ဟိုကောင့်ကို အရမ်းညှာလွန်းတယ် "

" ဘယ်ကောင့်ကိုလဲ "

" လုလင်ပျို ကို "

" လုလင်ပျို က ဘယ်သူလဲ "

" အာ ... ဟို ဂျပိုးကောင်လေကွာ "

" ဪ ... သူ့နာမည်က လုလင်ပျို လား "

" အေးလေ။ မင်းမသိဘူးလား "

" ငါသိဖို့ လိုလို့လား "

" ထားတော့။ ငါသိချင်တာက မင်း အဲ့ကောင်ကို ဘာလို့ညှာနေတာလဲ။ မင်းနဲ့အသိတွေမို့လို့လား "

" No "

" အဲဒါဆို ဘာဖြစ်လို့လဲ "

" ဒါကတော့ နေရာတကာလိုက်ကြည့်နေတဲ့ မင်းပဲသိမှာပေါ့။ ငါက အဲ့ကောင်ကို သိတောင်မသိဘူး။ မင်းပဲစိတ်ဝင်စားနေ "

" အမ် "

ဝဠာက ထထွက်သွားပြီမို့ သတိုးတစ်ယောက် ဆွံ့အပြီးကျန်ခဲ့လေသည်။

ကျောင်းခေါင်မိုးထပ်ကroof garden၏အပြင်ဘက်တွင်
ဝရံတာလက်ရန်းပေါ်ထိုင်ကာ ဆေးလိပ်သောက်နေသော လူငယ်တစ်ယောက်။

အဆောင်အောက်မှ သူငယ်ချင်းများနှင့်အတူ
ထွက်လာသောကောင်လေးတစ်ယောက်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။
ကောင်လေးသည် လမ်းကိုကောင်းကောင်းမလျှောက်၊ ခုန်ပေါက်ရင်းသွားနေသည်။
အလွန်ပျော်ရွှင်နေသယောင်။

ကျောပိုးအိတ်အမည်းလေးကို
ကျောမှာမလွယ်ပဲ ရှေ့တွင်လွယ်ကာ ခုန်ဆွခုန်ဆြသွားနေသည်မှာ သားပိုက်ကောင်နှင့်ပင်တူသည်။

ကျောင်းဆင်းချိန်မို့ အသီးသီးအိမ်ပြန်နေကြတဲ့ကျောင်းသားတွေကြားက
သူတစ်ယောက်ကိုသာမျက်စိတစ်ဆုံးလိုက်ကြည့်နေမိရင်း ...

မြင်ကွင်းကနေပျောက်ကွယ်သွားတော့မှ
ကောင်းကင်ယံကိုပြန်မော့ကြည့်ရင်း ဆေးလိပ်ငွေ့ကိုမှုတ်ထုတ်လိုက်သည်။

ခ်စ္​ရပါ​ေသာ  ပ်ိဳ ~  (ချစ်ရပါသော ပျို~) [ZG/ UNI]Where stories live. Discover now