ချစ်ရပါသော ... ပျို ~
Part - 9================================
နေ့လည်ထမင်းစားချိန်ပြီးကတည်းက လူကဘယ်လိုဖြစ်မှန်းမသိ။
ချာတိတ်ခွန့်ကျွေးခဲ့တဲ့ ပြည်ကြီးငါးက အစွမ်းပြပြီထင်သည်။နောက်ပိုင်းအတန်းချိန်တွေကိုဆက်တက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့။
ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်။မွေးကတည်းက ပင်လယ်စာဆိုလျှင်ဓာတ်မတည့်တတ်သောအကျင့်ရှိသည်။
ပုစွန်၊ ဂဏန်း၊ ရေဘဝဲကစလို့ ဘယ်လိုရေငန်နေသတ္တဝါကိုမှ ကိုယ့်ခန္ဓာကိုယ်ကလက်မခံ။အခုတော့ ပင်လယ်စာကိုစားလိုက်မိပြီ။
ချာတိတ်မျက်နှာမညှိုးစေချင်သောကြောင့်..." အ! ... "
အိမ်အမြန်ပြန်ရန် ကားပါကင်သို့ဆင်းလာခဲ့သော်လည်း ကားတံခါးနားရောက်ရုံမှာတင်...
ယိုင်လာသောခြေလှမ်းများက မတ်တပ်ရပ်နိုင်ရန်ပင်အားမရှိတော့။
လူရှင်းပြီးတိတ်ဆိတ်နေသောကားပါကင်ထဲရှိ အနက်ရောင်ပြိုင်ကားလေးနားတွင် ခွေခေါက်ကာလဲကျသွားသည်။" .. အ ! "
လုံးဝအသက်မရှူနိုင်။
ပါးစပ်ဟကာအသက်ရှူရန်ကြိုးစားသော်လည်း ရင်ဘတ်ထဲတွင်တစ်စုံတစ်ခုကတစ်ဆို့ပြီးပိတ်ကာထားသလို။
" အ..
ဆေး... "တဆတ်ဆတ်တုန်နေသောလက်များဖြင့် အိတ်ကပ်တွေထဲဆေးလိုက်ရှာမိသည်။
မှတ်မိသလောက်ကတော့ ဆေးက suitcaseထဲမှာအမြဲထားသည်။
အခု suitcaseကလည်း ကားထဲရောက်နေသည်မို့... ။လဲကျနေရင်းကပင် ကားတံခါးဖွင့်ရန်ကြိုးစားလက်လှမ်းမိသည်။
သို့သော် အရာမထင်။
အမြင်အာရုံများသာ မထင်မရှားဖြစ်လာသည်။" .. အ ..
အ ... "ရင်ထဲတွင်တစ်ဆို့နေသောခံစားချက်ကြီးက အတော်ဆိုးသည်။
အန်ထွက်မသွားသလို မြိုချလို့လည်းမရ။
အသက်ရှူရတာ ခက်သထက် ခက်ခဲလာသည်။ထို တစ်ဆို့နေသောအရာကြီးလျှောကျသွားစေရန် ရင်ဘတ်ကိုသာ တဘုန်းဘုန်းထုမိသည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?