Unicode
🖤Hodophiles❤️
🖤New Wave❤️
ဘဝဟာ ကမ်းခြေက စတယ်ဆိုကြပါစို့...
ဘဝဖြတ်သန်းရာ နေရာဟာ ပင်လယ်ကြီးဖြစ်ပြီး သင်ဟာ ပင်လယ်ရဲ့မာယာ လှိုင်းတို့ရဲ့သဘောမှာ နိမ့်မြင့်တက်ကျများစွာနဲ့ ရင်ဆိုင် ကြုံတွေ့ရမှာပါ...အပြောကျယ်တဲ့ ဘဝပင်လယ်ထဲမှာ New wave တစ်ခုကို ရှာဖွေတဲ့အခါ ဘာတွေကြုံတွေ့ရမလဲ???
ဘဝခရီးစဉ် New waveအသစ်တစ်ခုကို သူတို့နဲ့တူတူ လိုက်ပါစီးမျောကြရအောင်ပါ....
ချစ်ခြင်းများစွာဖြင့်ပေါ့.....
🖤❤️🖤❤️
🖤ဟူးး ရုပ်ရှင်မကြည့်ရတာကြာတော့ စိတ်တွေတောင်လှုပ်ရှားတယ်ကွာ
အေးစိမ့်နေတဲ့နေရာမှာ အတွဲခုံမှာထိုင်ရင်း ရှေ့က ပိတ်ကားပြင်က မကြာခင်ပေါ်လာတော့မဲ့ ရုပ်ရှင်ကို မျှော်နေတုံး ဘေးက ချစ်ရသူရဲ့ မျက်စောင်းက ဒိုင်းခနဲ။
ဟိုဘက်အတွဲခုံက ချစ်စခင်စ ကြင်နာစ Mikeတို့အတွဲကလည်း ကလိကလိနဲ့ဘာတွေ တွတ်ထိုးနေကြလဲတော့ မသိ။ ကိုယ့်မှာသာ ဒီ ရိုမရတဲ့ အရွတ်တုံးလေးနဲ့ နှစ်ပါးသွားကို အပြုံးမပျက် ကနေရတာပါ။
ကိုယ်တွေရှေ့ခုံက ကလေးနှစ်ကောင်ကတော့ ပေါက်ပေါက်ဘူးတွေ အအေးဘူးတွေရင်ခွင်ပိုက်လို့ ရုပ်ရှင်ကြည့်မှာလား ကမ်းခြေမှာ အပန်းဖြေမှာလား ဝေခွဲမရတဲ့ ပုံစံတွေနဲ့ ကျွက်ကျွက်ညံလို့။
💛 ပေါက်ပေါက်ညားရီးစားရင် ဟွတ်ဟွတ်ဆိုးမှာ မီးငယ်ရ တိုတို ဝိုင်းစားပေးမယ်နော်
🕊️ဟမ်းးးးး နှိုက်စားနဲ့ဟာ တို့ဟာတိုစားဘာရားးး ပေးပူး တွား
ဪ ကြည့် ဒီကလေးတွေကတော့ လူအများနဲ့ကြည့်ရတဲ့ နေရာမှာ ဆူညံနေကြပြန်ပြီ။
🖤ဟေ့ကောင်တွေ ရုပ်ရှင်ရုံထဲရောက်နေတာလေ ဘာလို့ အသံပြဲကြီးတွေနဲ့ အော်နေတာလဲ တိတ်တိတ်နေတော့ မကြာခင် လာတော့မှာ
ဖြန်းးးး
ပြောလို့တောင် စကားက မဆုံးချင်သေးဘူး ဘေးနားက အရွတ်တုံးက ရိုက်ပါပြီ။