🖤 Apricity-5❤️

264 21 401
                                        

Unicode

🖤 Apricity-5❤️

❄️ Lapland @ Fairy Tale City❄️

✨ Rovaniemi Day-1✨

ခွာသံမကြားရဘဲ ပြေးလွှားနေတဲ့ စွပ်ဖားလှည်း...
နှင်းငွေ့ဝေနေတဲ့ အရပ်ဒေသက ခြူသံတွေ..
မြောက်ဖျားဆီက‌‌ ကောင်းကင်ယံမှာ ကခုန်နေတဲ့အလင်းရောင်တွေ....
ပြီးတော့ ပျံဝဲနေတဲ့ လိပ်ပြာလေးတစ်ကောင်ရယ်...
ချစ်ရတဲ့ ရင်နှစ်သည်းခြာတို့ရဲ့ အပြုံးရယ်...

❄️မင်း လာရမဲ့ အချိန်တန်ပြီ ❄️

ရုပ်ရှင်ပိတ်ကားလို တဖြတ်ဖြတ်တရစပ်မြင်နေရတဲ့ပုံရိပ်တွေနောက်မှာ အေးခဲခြင်းကြားက နွေးထွေးတဲ့အသံ..

ကျွန်တော့်ကို ခေါ်နေတဲ့ အသံ...

❤️ကိုကို .... ကိုကို

🖤baby .... baby ဘယ်မှာလဲဟင် baby...

❤️ကိုကို ထတော့လေ အိပ်မက်တွေမက်နေတာလား မိုးလင်းလို့ နှိုးနေတာကိုကိုရဲ့ ၈နာရီထိုးရင်လာကြိုတဲ့ကားနဲ့ လေဆိပ်သွားရမယ်လေ

ကြည်စင်နေတဲ့ နှင်းလုံးလေးက အပြုံးတွေဝေနေအောင် ပုံပေးရင်း နှိုးလာတာကို ပြက်ပြက်ထင်ထင်ခံစားမိတော့မှ ကိုယ့်ဟာကိုယ် အိပ်မက်မက်နေမှန်းသိတော့သည်။

🖤ကိုကို အိပ်မက်မက်နေတာ babyရဲ့ ခုရက်ပိုင်းဒီရောက်ပြီးမှ အိပ်တိုင်းမက်နေတာ Laplandကိုလေ

❤️ဟုတ်လား ဘာတွေမက်လဲ

🖤 Northern lightsအောက်မှာ က နေတာတို့ အဲ့ဒေသက ပုံရိပ်တွေရော စုံလို့ပဲ ကိုကိုအရမ်းသွားချင်နေလို့နေမှာ

ကျွန်တော်ပြောတာကို ပြုံးပြုံးလေးနားထောင်နေတဲ့ ကောင်လေးကို ချစ်လို့ နှုတ်ခမ်းလေးကို မထိတထိနမ်းရင်း အိပ်ရာကနေထဖို့ပြင်ရပါပြီ။

🖤ဒီဒီ့ အိပ်ပုတ်တို့ ထကြတော့ လေယာဉ်ကြီးစီးပြီး Santaဖိုးဖိုးကြီးနေတဲ့ နေရာကို သွားကြမယ်ဟေ့

💛ဝှါးးးးး တွားရတော့မှာရား မီးငယ် ထ ထ စန်တာ့ဆီတွားရမယ်တဲ့

🕊️နှင်းတွေထဲ ဆော့ရမှာရား ဒီဒီ

🖤ဆော့ရမှာပေါ့ သမီးရယ် လာ အခု ဒီဒီတို့ မျက်နှာသစ် သွားတိုက်ရေမိုးချိုးရအောင်

HodophilesWhere stories live. Discover now