Unicode
🖤Broken is Beautiful -1❤️
နွေးထွေးနေတဲ့ ရင်ခွင်ထဲမှာ နိုးထလာရတော့ ညကခံစားချက်တွေက ပျောက်ခြင်းမလှ ပျောက်ရှလို့။
စိတ်ကတစ်ချက်သတိရပေမဲ့ သူ့မျက်ခွံမို့မို့လေးကို ကြည့်မိရုံနဲ့ ကျွန်တော်အဆင်ပြေပါပြီ။
မဆုံးသောသံသရာကို လျှောက်လှမ်းရဦးမှာပဲ ကြေမွနေလည်း ကျွန်တော့်အချစ်က သူ့အပေါ်ဆို သိပ်လှနေမှာပဲ။
သူ့ရင်ခွင်ထဲထပ်ခွေနေဖို့ကြံပေမဲ့ ဒီနေ့ ကျွန်တော်က ဇာတ်လိုက်မင်းသားလေ။ အိပ်ရာကနေထပြီး ပြတင်းကိုတွန်းဖွင့်လိုက်တော့ နှင်းငွေ့ရောတဲ့ လေတို့က ဟိုသားအဖတွေကို ဝင်ပြီး ကျီစားတော့သည်။
💛အေးတယ်
🕊️ချမ်းတယ်
🖤အွန်းးးး အေးတယ်ကွာ
အော်ချင်ရာအော်ကြပါစေ ကျွန်တော်ကတော့ အဆုတ်ထဲ သန့်စင်အေးမြနေတဲ့လေကို တဝကြီးရှုသွင်းလို့ နှုတ်ခမ်းကြားကနေပြန်ထုတ်ရင်း နှစ်မိနစ်လောက် အသက်ရှူလေ့ကျင့်ခန်း လုပ်ပစ်လိုက်သည်။
တစစီကွဲအက်ကြေမွနေသလို ရင်ထဲနာကျင်ရပေမဲ့ ကျွန်တော့်မှာ အားအင်တွေပြည့်နေပါသေးတယ်။ ချစ်ရတဲ့လူတွေနဲ့ ဘယ်လိုလောကဓံကိုမဆို ဝင်တိုးပစ်မယ် ကြေမွလည်း အလှဆုံးပြန်ဆက်မယ် ဒါ ကျွန်တော့်မှာရှိတဲ့ သတ္တိပဲ။
Redရဲ့စိတ်ဓာတ်က ချစ်ရတဲ့သူတွေအတွက်ဆို အလှဆုံးကိန်းအောင်းဖြစ်တည်ပြီးသားမို့ ဘာမှပူစရာမရှိပါဘူး။ ပူစရာက ကျွန်တော့်ကျန်းမာရေးတစ်ခုပါပဲ။
🖤💛🕊️ပါပါးးးးးးးးး
သားအဖသုံးယောက် ပါပါးလို့ ထအော်တော့ စပ်ဖြဲဖြဲပြုံးပြပြီး တံခါးပြန်ပိတ်ပေးလိုက်ရသည်။
🖤ကောင်ဆိုးလေး လာခဲ့ဦး ပြန်လာအိပ် နေတောင်မထွက်သေးဘူး
❤️မအိပ်ပါဘူး အိပ်ချင်တော့ဘူး
🖤လာဆို လာခဲ့
❤️မလာဘူးပြေးပြီ
သူတို့သားအဖတွေလက်ထဲရောက်ရင် ဖိသတ်နေကြမှာမို့ လျှာထုတ်ပြောင်ပြခဲ့ပြီး အခန်းပြင်ပြေးထွက်လာတာ ဘယ်ကိုရယ်လို့ ရည်ရွယ်ချက်မရှိပဲနဲ့ပါ။
