Unicode
✨Ice Desert -1✨
မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးက မှန်ချပ်တွေကနေ အခန်းထဲ ချဉ်းနင်းဝင်ရောက်လာချိန်မှာ ကျွန်တော်နိုးလာခဲ့သည်။ နိုးတာနဲ့ ကိုကို့ရင်ခွင်ထဲ ရောက်နေတာ ဒါမှမဟုတ် ကိုကို့မျက်နှာမြင်ရတာ တစ်ခုခုလို့ ထင်မိပေမဲ့ အခု အိပ်ရာပေါ်မှာ ကျွန်တော်တစ်ယောက်တည်းရယ်။လှဲနေရာကနေ ထလို့ ဟိုဒီကြည့်မိတော့လည်းမတွေ့။ ဒီလူကြီး စောစောစီးစီးဘယ်ကိုသွားပြန်လဲမသိပါဘူး။
❤️ကိုကို
ခေါ်ပေမဲ့လည်း ခြေသံလေးတောင် ချိုးချိုးချွတ်ချွတ်မကြားရတော့ ဒီအိမ်ထဲမှာရော ရှိသေးရဲ့လား။ အိပ်ရာပေါ်ကနေဆင်း အပျင်းရသလောက်ခိုးဆန့်ရင်း နေမင်းကြီးနဲ့ တတန်းတည်း မျက်နှာမူနေရတဲ့ဘဝကို တွေးမိတော့ ပြုံးမိသား။ တော်ရုံလူရခဲတဲ့ ဘဝမျိုးကို ကိုကိုက ကျွန်တော့်အတွက် ဖန်ဆင်းပေးထားတာလေ။
နံရံနားကပ်နေတဲ့ စားပွဲခုံလေးရှေ့က ကြိမ်ခုံလေးမှာဝင်ထိုင်ရင်း ဖွင့်ထားတဲ့ iPad ကောက်ကိုင်ကြည့်မိမှ ကြည်နူးတာတွေ ပီတိတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး လူက ပါးစပ်အဟောင်းသားဖြစ်ရပါတော့သည်။ ကိုကိုကြည့်နေတာက Ray ဆိုတဲ့ကောင်လေးရဲ့ ကိုယ်ရေးရာဝင်မှတ်တမ်းဖြစ်နေပြီး အခုဖတ်မိရသလောက်က အန်ကယ်နွန်ရဲ့ဆေးရုံမှာ ဘွဲ့လွန်ဆက်တက်နေတဲ့ အလုပ်သင်ကျောင်းသားတဲ့။ ဘယ်ကဘယ်လို အစကောက်ပြီး တွေးရမှန်းမသိတော့ဘဲ မေးခွန်းတွေသာ ပလုံစီလို့ ခေါင်းထဲ အလုအယက်တိုးဝင်လာတာ စဉ်းစားလို့ပင်မနိုင်တော့ပါဘူး။
🖤baby
အတွေးထဲမြုပ်နေတုန်း ခေါ်သံကြားလိုက်ရတော့ လူကတုံ့ခနဲဖြစ်သွားတာမြင်တာနဲ့ ကိုကို့ရင်ခွင်ထဲဆွဲသွင်းတာခံလိုက်ရပါပြီ။ ထိုင်နေတဲ့ ခုံဘေး ဒူးတစ်ဖက်ထောက်ထိုင်ချလာပြီး လူကို သူ့ရင်ခွင်ထဲထည့်လို့ ခေါင်းကို ခပ်ဖွဖွပွတ်ပေးရင်း ကျွန်တော်လန့်တာပြေအောင် လုပ်ပေးနေတဲ့လူကြီးက ကျွန်တော် အချစ်ရဆုံး လူသားပါပဲ။
🖤ဘာတွေ တွေးနေလို့ လန့်သွားတာလဲ ကိုကို့ကလေးလေးရယ်
❤️ဘာမှမတွေးပါဘူး ကိုကိုရ ရုတ်တရက်မို့ပါ ပြီးတော့ ဒါကလေ ဟိုတခါ ကိုကိုကားနဲ့ တိုက်မိမလိုဖြစ်သွားတဲ့ကောင်လေး မှတ်လား baby မှတ်မိတယ်
