Unicode
🖤Kia ora❤️
အေးစက်ငြိမ်သက်နေတဲ့ မနက်ခင်းမှာ ကျွန်တော်တို့ဟာ ချစ်ရသူတွေရဲ့ အိမ်ပြန်ခရီးကိုနှုတ်ဆက်ဖို့ Queenstown Airportကို ရောက်ရှိနေကြပါသည်။
❤️နေကောင်းကျန်းမာအောင် နေနော်..
"မပူပါနဲ့ကွာ ငါတို့က သဘာဝရဲ့ကောင်းချီးပေးမှုကြားထဲ နေ့တိုင်းနိုးထရှင်သန်နေရသူတွေလေ ငါတို့ကျန်းမာပါတယ်"
babyရဲ့စိုးရိမ်မှုကို Ronက အပြုံးလေးနဲ့ ယုံကြည်စွာပြန်နှစ်သိမ့်ပေးနေတာပါ။ လေယာဉ်ပေါ်မတက်ခင် ထိုင်နေကြတုံးမှာ babyနဲ့ ကလေးတွေရဲ့ အမှာစကားပေါင်းစုံကို Danနဲ့Ronက နားထောင်ရင်းပြုံးလို့ သဘောကျနေကြတာလေ။
💛ငါးတေများရီးမွေးထားနော် ဖိုးရီး ဖစ်ရှ်ရေ
🖤ငါးတွေအများကြီး မွေးထားပါလို့ ပြောနေတာ Danရေ
"ရှိပဗျာ ငါးတွေရော ကြက်တွေဘဲတွေပါ မွေးထားတယ်ဗျာ"
🕊️မီးငယ်တွက် ဘဲခရေးရေးတွေရဲ မွေးပေးပါရို့
🖤သူ့အတွက်ကတော့ ဘဲကလေးလေး မွေးပေးတဲ့
"စိတ်ချပါဗျာ ဘဲကလေးရော ဘဲအဖေရော ဘဲအမေရော အကုန်ရှိစေရမယ်"
🖤 ကျွန်တော် သတိရတိုင်း အားရင်အားသလို ဖုန်းဆက်ပြီး လိုအပ်တာလှမ်းမေးပါ့မယ် Danတို့ကို ဘာဝန်မှ မပိစေချင်လို့
"အလုပ်လုပ်မှ ပိုကျန်းမာတာ ငါ့ကောင်ရ ငါတို့က အလုပ်လုပ်ရင်းနဲ့သေမဲ့လူတွေ ဒါပေမဲ့ နောက်နှစ်နှစ်လောက်ဆိုရင် ငါတို့လည်း မင်းတို့လို ခရီးတွေသွားဖို့ ရည်ရွယ်ထားတယ်
ဘဝမှာ ကိုယ့်အတွက်ပဲဖြစ်ဖြစ် သူများအတွက်ပဲဖြစ်ဖြစ် ရှင်သန်သင့်သလောက် ရှင်လာခဲ့ပြီးပြီလေ ငါတို့အတွက် ငါတို့ရှိနေရမဲ့အချိန်ရောက်လာပြီ"
🖤 သွားပါဗျာ ကျွန်တော်တို့လည်း တစ်နှစ်တစ်ခေါက်တော့ ရအောင်သွားမယ်လို့ဆုံးဖြတ်ထားတယ် အဓိကက babyနဲ့ ကလေးတွေအတွက်လေ သူတို့ကို ပျော်နေစေချင်တယ်
❤️အရမ်းအေးချမ်းတဲ့ တစ်နေရာကို Danနဲ့ Ronနဲ့တူတူ ခရီးထွက်ချင်သေးတယ် နောက်နှစ်သွားကြမယ်လေဗျာ နော်
