Unicode
🖤 Auckland Day Trip 2❤️
တက်ကြွနေသော ခြေလှမ်းတို့ရယ် တွဲထားသော လက်တစ်စုံရယ်တို့ဟာ ရှေ့ဆင့်နောက်ဆင့်နဲ့ လူသွားလမ်းလေးပေါ်မှာရှိနေကြသည်။
နောက်ကို တစ်ချက်လှည့်မကြည့်ဘဲ လက်ပိစိတို့ကို ချိတ်ဆက်လို့ အကြောက်တရားမရှိ ရှေ့ကိုပဲတိုးနေကြတဲ့ သားနဲ့သမီးကို ကြည့်ရင်း ကျွန်တော်ပီတိဖြစ်ရပါတယ်။
❤️သားနဲ့သမီး လမ်းသိလို့လား နောက်တောင်လှည့်မကြည့်ဘဲ သွားနေလိုက်တာ
💛ကျိပါဘူး ပါပါးနဲ့ဒီဒီ ရှိတာပဲဟာ
🕊️မီးငယ်တို့မှားရင် ပါပါးနဲ့ဒီဒီက နောက်ကနေ ပြောပေါ့
💛ဟိုရိုတွား ဒီရမ်းကိုတွားရို့ ပြောနော်
သူတို့အဖြေကို ကြားတော့ ကျွန်တော်နဲ့baby တစ်
ေယာက်မျက်နှာ တစ်ယောက်ကြည့်ကာပြုံးမိသည်။
သူတို့နောက်မှာ သူတို့ကို ကာကွယ်ပေးမဲ့ ဖခင်တွေရှိနေတယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်အဝရှိနေကြောင်း ကြားသိလိုက်ရလို့ပါ။ ဒီအရွယ်လေးနဲ့ ဒီအဖေတွေကို ယုံကြည်ပေးလို့ ချစ်တာထက်ပို ကျေးဇူးတင်တာထက်လည်း ပိုရပါတယ်။
အားကိုးယုံကြည်ခြင်းတွေနဲ့ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကို ပိုအရောင်တောက်စေတဲ့ ကလေးပိစိလေးတွေက ကျွန်တော်တို့ဘဝရဲ့ လမ်းပြကြယ်ပါပဲ။ အနာဂတ်ဆိုတာ ချစ်ရသူတွေကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတွေနဲ့ ပုံဖော်ထားတဲ့ အရာမဟုတ်လား။
စားသောက်ဆိုင်နဲ့ Aquariumက လမ်းလျှောက်သွားရင် တစ်နာရီကျော်ကြာပေမဲ့ ကားငှားသွားရင် ဆယ့်နှစ်မိနစ်လောက်ပဲကြာမြင့်တာမို့ Bus stopနားရောက်တော့ ရှေ့ကနေတက်ကြွနေတဲ့ ကလေးတွေကို ဆွဲလို့ ကားငှားဖို့ပြင်ရသည်။
ကားငှားလို့ရတော့ သားအဖတွေ နောက်ခန်းမှာပဲ ချစ်ချစ်ခင်ခင် တိုးတိုးဝှေ့ဝှေ့ဝင်ထိုင်လိုက်ကြပြီး လမ်းဘေးဝဲယာက ပုံရိပ်တွေကို လက်ညှိုးတွေထိုးလို့ သဘောတွေကျနေတဲ့ အသည်းတုံးတို့နဲ့အတူ ပျော်ရပြန်သည်။
💛ဟိုဟာရီးက မြင့်ရီးပဲ ကျန်း ဒီဒီ
🕊️ ရိမ်ပျံနဲ့ တိုက်မိရင် ဒုတ်ထပဲ ဒီဒီ မီးငယ်တို့ပြန်ရင် အဲ့နားက ပြန်ဘူးနော်
