🖤 Golden Love❤️

319 36 632
                                        

Unicode

🖤Golden Love❤️

ပင်လယ်ရနံ့သင်းသော လေအေးတို့က အနည်းငယ်ဟနေသော မှန်တံခါးကြားမှ လတ်ဆတ်စွာတိုးဝင်နေသော ညချမ်းမှာ ကျွန်တော်တို့သားအဖတွေ နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့တာပါ။

ကုတင်ကျယ်ကြီးပေါ်မှာ သားနဲ့သမီးကို ထုံးစံအတိုင်းအလယ်မှာထားလို့ ကလေးတွေကိုပွေ့ဖက်ထားရင်း တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားခဲ့ကြရာကနေ အခု မသိစိတ်က လှုံ့ဆော်မှုကြောင့် မျက်လုံးတို့ ပွင့်လာခဲ့သည်။

မျက်လုံးပွင့်တာနဲ့ ဘေးကိုကြည့်မိတော့ babyတစ်ယောက် ငုတ်တုတ်ထိုင်လို့ ကလေးတွေကိုကြည့်နေတာကို တွေ့လိုက်ရသည်။

🖤baby မအိပ်သေးဘူးလား

❤️ သားနဲ့သမီး ဖျားမှာစိုးလို့ ကြည့်နေတာ ခုရက်ပိုင်း ညဘက်တွေဆို ညောင်းလို့လားမသိဘူး အိပ်ရင်းနဲ့ ကန်ကျောက်ညီးညူနေတတ်လို့

🖤 ပင်ပန်းတာတော့ရှိတာပေါ့ babyရယ် ဒါပေမဲ့ ကိုကိုတို့ကလေးတွေက သန်မာပါတယ် တော်ရုံဖျားနာခဲသလို အကုန်လုံးကလည်း ဝိုင်းဂရုစိုက်ပေးနေကြတာကို သူတို့အတွက်လိုအပ်တဲ့ ဆေးဝါးလည်း ကိုကိုတို့ အကုန်ပြင်ဆင်လာခဲ့ပြီးသားလေ

ကိုကို့babyက ကလေးတွေကို စိတ်ပူရင်းနဲ့ တစ်ခုခုဖြစ်မှာပဲ စိုးရိမ်တာ ဒီကိုအလာတုံးကတောင် လေယာဉ်ပေါ်မှာ နေသိပ်မကောင်းဘူးမှတ်လား

❤️baby က ရပါတယ် ကိုကိုရှိတယ်လေ

🖤baby တို့သားအဖသုံးယောက်လုံးအတွက် ကိုကိုရှိတယ်ကွာ နော် ဘာမှစိတ်ပူပြီးတွေးမနေနဲ့ ကိုကိုတို့နက်ဖြန် ဒီနားက ကမ်းခြေပဲ လမ်းလျှောက်သွားမှာ နီးနီးလေးပါ

အကုန်လုံး အပြည့်အဝအနားယူပြီးပြီဆိုမှ လျှောက်လည်ဖို့ ကိုကိုစီစဉ်မှာ အဲ့တော့ အခုအိပ်လိုက်တော့နော် လိမ္မာတယ်

စိုးရိမ်စိတ်များနေတဲ့ကလေးအဖေလေးကို အကျိုးအကြောင်းသေချာရှင်းပြပြီး ပြန်အိပ်ခိုင်းတော့မှ မလှဲချင်လှဲချင်နဲ့ ‌လှဲလို့ ဒါတောင် မျက်လုံးကပြူးနေသေး။ ကျွန်တော်ကိုယ်တိုင် ပွေ့မသိပ်ရင် အိပ်တော့မှာမဟုတ်ဘူးဆိုတာကို စိတ်ကသိနေပြီမို့ သူ့ဘက်ကူးသွားကာ နောက်ကနေပွေ့ဖက်ပေးရင်း ပါးဖောင်းလေးကို ဖွဖွလေးပွတ်လို့ ချော့သိပ်ရတော့သည်။

HodophilesTempat di mana cerita hidup. Terokai sekarang