💛White Wishes🕊️

341 52 551
                                        

Unicode

💛White Wishes🕊️

ဖခင်တွေကိုကမ်းပေး‌နေတဲ့ လက်ကလေးတွေဟာ မေတ္တာမျှော်လင့်ခြင်းရဲ့ သင်္ကေတပါ...

အဖြူရောင်နှလုံးသားလေးတွေ ကျန်းမာဖို့ ဒီလောကကြီးလှပဖို့ ကျွန်တော်တို့ မြင်တတ်ဖို့လိုပါတယ်

သူတို့လေးတွေရဲ့ ဖြူစင်တဲ့ ဆန္ဒလေးတွေကိုပေါ့...

🖤❤️🖤❤️

မနက်ခင်းမိုး‌စင်စင်မလင်းသေးချိန်မှာ မနှိုးရသေးဘဲ နိုးနေတဲ့ အသည်းအသက်ကလေးတွေက ကျွန်တော်တို့ကြားမှာ လှုပ်တုပ်တုပ်နဲ့ရယ်။

💛ချော့ပင်ထွက်ရင် ဘာဝယ်မှာရဲ ညီမရေး

🕊️ကျီကျီလှလှရေးတေ ဝယ်မယ်ရေ တိုတိုကရော

💛တိုတိုက ကုန်ဝယ်မှာ အိတ်တေရော ကျီကျီတေရော ညားးရီးဝယ်မှာ

ခရီးသွားရမယ်အသံကြားတည်းက shoppingကို စိတ်ကူးနဲ့ကြိုထွက်နေတဲ့ အသည်းလေးတွေပါ။ ဒီနေ့ shoppingမသွားဖြစ်ဘူးဆိုတာသာသိရင် သူတို့ဂျီကျလိမ့်မည်ထင်သည်။ ကိုကိုက ဒီနေ့ ရုံးသွားပြီး သူ့အလုပ်ကိစ္စတွေ အကုန်စီစဉ်ထားခဲ့ရမှာဆိုတော့ ဒီနေ့ လိုက်မပို့နိုင်ဘူးလေ။

ကလေးနဲ့မလိုက်အောင် သိတတ်နားလည်တဲ့ အသည်းတုံးတွေမို့ ချော့ပြောရင် အဆင်ပြေမှာပါ။အားနာပေမဲ့လည်း ဘဝပေးအခြေအနေအရ အရာရာလိုက်လျောမပေးနိုင်တာကိုတော့ ခွင့်လွှတ်ပေးပါ သားနဲ့သမီးရယ်။

ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်ပြီးသူတို့စကားပြောတာလေးနားထောင်နေရာကနေ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုကိုတို့ အိပ်မှုန်စုံမွှား ဖင်ကုတ်ခေါင်းကုတ်နဲ့ အိမ်သာထဲဝင်သွားတာတွေ့ရသည်။

❤️နိုးနေပြီလား သားနဲ့သမီး

💛နိုးဘီ တားတားတို့ ချော့ပင်ထွက်မှာနော် ပါပါး

🕊️ဒီဒီရိုက်ပို့မှာ မှတ်ရား ဒီဒီတောင် အိမ်တာထဲ အီအီးတွားပါနေဘီ ပါပါးရဲ တွားတော့

❤️ဘာသွားလုပ်ရမှာလဲ သမီးရဲ့

🕊️ဟာ ချူးပေါက် အီးပါရေ ဒီဒီနဲ့ တူတူ

HodophilesМесто, где живут истории. Откройте их для себя