💔

199 28 343
                                        

Unicode

💔

အေးချမ်းတဲ့ညလေးမှာ ချစ်ခင်ရသူတွေနဲ့ ညစာတူတူစားခွင့်ရခြင်းဟာ ကံကောင်းခြင်းပါပဲ။

ထင်းရှူးနံ့သင်းနေတဲ့ နှင်းငွေ့ဝေနေတဲ့ညလေးမှာ ညစာစားပြီး လမ်းလျှောက်ကြရင်း စကားစမြည်လည်းပြောဖြစ်ကြသည်ပေါ့။

🖤P'.... ကျွန်တော်တို့ကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ် နဲ့ Emailလေးဘာလေး ပေးထားပါဗျာ

❤️ဟုတ်တယ် P'....အနည်းဆုံးတော့ P'ရှိနေရင် အဆင်ပြေသွားမှာလို့ ပိုခံစားရလို့လေ ပေးနော်

🔥ဘာမှမပြောင်းဘူး အရင်ဟာတွေပဲလေ

🖤❤️ဗျာ

🔥ခွဲခွာရခြင်းတွေထဲမှာ စိတ်အထင်နဲ့ လွဲပြီး ခွဲရတဲ့အဖြစ်တွေအများကြီးရှိတယ်

သူကတော့ ပြောင်းလဲသွားပြီ ငါ့နားကတကယ်ထွက်သွားပြီလို့ အပေါ်ယံယူဆလို့ရပေမဲ့ တကယ်တမ်းကျ ကိုယ်ထင်သလိုဘာမှမပြောင်းလဲတာလည်းရှိတယ် N'တို့ရဲ့

အခု P'က အဆက်အသွယ်မလုပ်နဲ့ ကိုယ့်ပြဿနာကိုယ့်ဘာသာကြိုးစားဖြေရှင်းကြလို့ မှာခဲ့တာကို လိုက်နာပေးတဲ့အတွက် ဝမ်းသာပါတယ်

P' ဖုန်းရောmailရော ဘာမှမပြောင်းဘူး ဒီတိုင်းပဲထားထားတာ

🖤ကျွန်တော်တို့က ပြောင်းထားတယ် ထင်တာ

💛တီတီရေ ရော့

🕊️မီးငယ်ဟာရဲ ယူ

🔥ဟာ နှင်းလုံးတွေပါလား ကျေးဇူးတင်လို့ အာဘွားပေးမယ်ကွာ

သူတို့ကောက်ယူပြီးလုံးထားတဲ့ နှင်းလုံးတွေကို P'Mayကို ပေးတော့ လက်ခံယူပြီး သားနဲ့သမီးကို နမ်းလို့။ ဒီကလေးတွေ ခုလိုအချစ်ခံရလေ ကျွန်တော်တို့ အဖေတွေက ပျော်လေပေါ့ဗျာ။

🔥 သူတို့လေးတွေလည်း အခက်အခဲပေါင်းစုံနဲ့ ခုထိကျောင်းမတက်ကြရသေးဘူးနော်

❤️ဟုတ်တယ် P'..... စာတော့ရေးတတ် စာလုံးအတိုလေးတွေဖတ်တတ်အောင်တော့ နည်းနည်းလေး ပြောပေးသင်ပေးထားပါတယ်

🔥ဉာဏ်ကောင်းပြီးသားကလေးတွေမို့ အဆင်ပြေကြမှာပါ အဓိကက ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာဖြစ်မလာဖို့ပဲ လိုတာပါ

HodophilesTahanan ng mga kuwento. Tumuklas ngayon