🖤Love❤️

295 28 506
                                    

Unicode

🖤Love❤️

မိုးရေထဲကနေပြန်လာပြီး ရေနွေးနွေးနဲ့ရေချိုး ဆေးသောက်ပြီး ခဏအိပ်စက်ကြရာကနေ နိုးလာတော့ ညမိုးချုပ်နေပြီ။

မနက်အစောထရမှာမို့ ဆက်အိပ်နေရင် အိပ်ချိန်တွေကမောက်ကမနဲ့ ခရီးစဉ်ကြန့်ကြာနှောင့်နှေးတာမျိုးဖြစ်မှာစိုးတာကြောင့် နစ်ဝင်နေတဲ့ မွေ့ယာထဲကနေ အတင်းရုန်းထရသည်။

မွေ့ယာထဲနစ်ဝင်တာကတမျိုး ကိုကိုကအတင်းခွဖက်ထားတာကတမျိုးနဲ့ ကျွန်တော်ထဖို့ကြိုးစားနေတုံး သားရဲ့ငိုသံစူးစူးလေးကို ကြားလိုက်ရသည်။

💛အီးးးးးးဟီးးးးးးးးအီးးးးးးပါပါးးးးးး

❤️ဟင် သား ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ ပါပါးရှိတယ်လေ

အိပ်နေရာကနေ ငုတ်တုတ်ထိုင်ပြီး ဝမ်းပန်းတနည်းနဲ့ ငိုနေတော့ သူ့ကိုပေါင်ပေါ်ပွေ့ချီတင်လို့ ချော့မော့ရတော့သည်။ နေမကောင်းလို့များလားဆိုပြီး နဖူးစမ်းကြည့်တော့လည်း ပုံမှန်ပါပဲ။ သားရဲ့ငိုသံကြောင့် အိပ်ပျော်နေတဲ့ သမီးနဲ့ ကိုကိုလည်းနိုးလာကြပြီ။

🖤ဖေ့သားကြီး ဘာဖြစ်တာလဲ ဟင် လာပါဦး

ကိုကိုလာခေါ်ပြီး ချော့တဲ့ထိ သူ့မှာဘာကိုမကျေနပ်မှန်းမသိ ကြိတ်မနိုင်ခဲမရနဲ့ ငိုနေတုံး။သမီးကလည်း အိပ်ချင်မူးတူး မျက်လုံးလေး ကလယ်ကလယ်နဲ့ လိုက်ကြည့်လို့။

🕊️တိုတို ဘာဖစ်တာရဲ ပွတ်ချိတ်ကိုက်တာရား

💛ဟုတ်ဝူးဟဲ့ ဘာပွတ်ချိတ်မှကိုက်ဝူးးး တိရဲတိပဲနဲ့ အီးးးးးး

ကျွန်တော်တို့ဘယ်လိုမေးမေး မဖြေဘဲငိုနေတဲ့ကောင်က သူ့ညီမမေးတော့မှ ဒေါသတကြီးနဲ့ ပြန်ဖြေတာပါ။

🕊️ဖြေးပြောပါဟဲ့ တူ့မုန့်ရုစားတာကျနေတာပဲ

💛နာ့ရုပ်ရှင်ထဲမှာရေ ရေဂဲမုန့်တေက ညားရီးဟာ အာ့စားမရို့ဟာကို တူတို့က ထွက်ပြေးဝါးတာ အီးးးးးဟီးးးး

🖤ခွီးးးးးးးး အဟမ်းးးး

💛ရယ်နဲ့ဟာ

🖤မရယ်ပါဘူး သားရဲ့ ဒီဒီ မရယ်ဘူး

HodophilesWhere stories live. Discover now