Unicode
✨Ice Desert -7✨
Day-3🐧 (Part-1)
လှိုင်းသံလေသံကြား ကြားလိုက်ရတဲ့ စကားသံဟာ အသက်ရှူခြင်းကို ခေတ္တခဏရပ်တန့်သွားစေခဲ့ပါသည်။ ထပ်ပြီး ရောက်လာတဲ့လူကို ဘယ်တော့မှ အဆုံးထိလက်မလွှတ်ချင်ခြင်းဟာ ကျွန်တော့်ကမ္ဘာမှာ တရားမျှတခြင်းမည်ပေမဲ့ လောကရဲ့သဘောမှာတော့ အတ္တသက်သက်သာ ဖြစ်တည်နေတာလား။
မိဘမဲ့နေတဲ့ ဘဝထဲ ဒီလို ကိုယ့်ကို ဝမ်းနဲ့လွယ်မွေးပေးခဲ့တဲ့ အမေလို ဖခင်တစ်ယောက်ပြန်ရောက်လာခြင်းဟာ လက်မလွှတ်ချင်စရာ တပ်မက်ခြင်းကို ဖြစ်စေတာ ကံကြမ္မာအရပဲဆိုရင် အခုရော ဘယ်လို ကြမ္မာက ကျွန်တော့်အဖေကို ကျွန်တော့်ဘဝထဲက ထပ်ပြီးဆွဲထုတ်ဖို့ကြံရွယ်နေပြန်တာပါလဲ။ မယုံနိုင်စရာ ဖြစ်အင်ကို ကြုံရခြင်းကတစ်ဝက် သူကိုယ်တိုင်တောင်မသိတဲ့ ပျော်ဝင်မှုလေးကတစ်ဝက်ဖြစ်နေတာကို ခံစားလိုက်ရတဲ့ သားဖြစ်သူကျွန်တော့်မှာ လက်သီးကို ခပ်တင်းတင်းဆုပ် အံကိုကြိတ်လို့ ဘယ်သူ့ဒေါသထွက်လို့ ထွက်ရမယ် မသိနိုင်တော့ပါဘူး။
ကလေးတွေအိပ်ရာမဝင်ခင် တခေါက်သွားကြည့်မယ်ဆိုပြီး baby ကို ခဏလို့ပြောပြီး ထွက်လာတာ အခု ဒီနေရာမှာတင် စက္ကန့်တွေ မရေမတွက်နိုင်အောင် ကုန်ဆုံးသွားခဲ့သလို အံကြိတ်လက်သီးဆုပ်လို့ ကျောက်ရုပ်လို ဖြစ်နေရတာကနေ လူကတုပ်တုပ်မျှမလှုပ်နိုင်သေးပါဘူး။ ထိုအခြေအနေမှာပဲ အခန်းရှေ့လျှောက်လမ်းကျဉ်းလေးမှာ တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ ကျွန်တော့်ဆီဦးတည်လျှောက်လာသူဟာ ဒီသင်္ဘောပိုင်ရှင်ဆိုသူဖြစ်နေသည်။
"Perth....."
🖤Mr.David .....
"အခုဖြစ်နေတဲ့ အခြေအနေအတွက် အချိန်ခဏပေးနိုင်မလား "
🖤ခင်ဗျားကရော အလိုတူအလိုပါပဲလား Ray ဆိုတဲ့ကောင်နဲ့ ဘယ်လို ပတ်သက်နေတာလဲ ဒီသင်္ဘောပေါ်က လူတွေအကုန်လုံးက ဘယ်လို မျက်နှာဖုံးမျိုးတွေ တပ်ထားကြတာလဲ ဟမ်
"အခု သိရမှာပါ ငါကိုယ်တိုင် မင်းကို ပြောပြမှာမို့လို့ ကုန်းပတ်ပေါ်သွားကြမယ်လေ"
ကိုယ်က နောက်ကျောဓားနဲ့ထိုးခံရသလို ခံစားလိုက်ရပြီး ရှူးရှူးရှားရှားဖြစ်နေချိန်မှာ သူကတော့ အေးစက်တည်ငြိမ်တဲ့ အပြုံးတို့နဲ့ ကျွန်တော့်အပူမီးကို ဟုတ်ခနဲ ငြိမ်းသွားစေတာပါပဲ။ ကိုယ်ကပူလောင်နေသလောက် သူကအေးစက်နေတော့ ကိုယ်တိုင်က ဘယ်ခံစားချက်နောက်လိုက်လို့ ဘာလုပ်ရမှန်းမသိတော့တာမို့ စိတ်ကိုထိန်းပြီး သူ့နောက်ကနေ ခပ်မဆိတ်သာလိုက်သွားလိုက်တော့သည်။
