🖤 Apricity-2❤️

255 24 278
                                        

Unicode

🖤 Apricity-2❤️

☃️Dream☃️

ထွက်ပြူကာစ နေမင်းကြီးရဲ့ အလင်းတန်းအောက်မှာ လေယာဉ်တစ်စင်းက စတင်ပျံသန်းနေတဲ့ မနက်ခင်း...

ထိုလေယာဉ်ပေါ်တနေရာမှာတော့....

🖤ဘာကြေးလဲ

🍍ပါးရိုက်ကြေး

🖤ကြိုက်တယ်ကွာ ဟားဟားဟား

သူများတွေက အစောကြီးထပြီး လေဆိပ်လာရလို့ လေယာဉ်တက်ခါစလေးမှာ အိပ်ဖို့ အပီအပြင်နေရာယူနေတာကို သူတို့နှစ်ယောက်က ပါးရိုက်ကြေး ဖဲရိုက်ဖို့ ပြင်နေတာတဲ့။

ကျွန်တော်နဲ့ Leoလည်း အိပ်ချင်နေကြသလို ကလေးတွေလည်း သူတို့ခုံလေးတွေမှာ ကိုယ်စီကိုယ်စီ အိပ်နေကြတာမို့ သူတို့ကိုလည်း ဘာမှပြောမနေအားတော့ပါဘူး။ခုံပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး စောင်ပိုင်းလေး ကိုယ်ပေါ်လွှမ်းလို့ မျက်လုံးလေးမှိတ်ပြီး အိပ်ဖို့ပြင်ပေမဲ့ နှစ်ယောက်သားရဲ့ တိုးတိုးစိစိအသံတွေက လူကို အိပ်မရအောင်ဖန်တီးနေတာပါ။

🖤ဟေ့ကောင် ဖဲလိမ်ရိုက်ဖို့ ယောင်လို့တောင်စိတ်မကူးနဲ့နော်

🍍ဘာကိစ္စလိမ်ရိုက်ရမှာလဲ လူကိုများ စွပ်စွပ်စွဲစွဲ

🐒ဟိုလူကြီး ဖဲမရိုက်နဲ့ဦးဗျာ ခင်ဗျားတို့စကားပြောနေတာ အိပ်မရဘူးဗျ

🍍အိပ်အိပ် ကိုယ့်အသည်းလေး ကိုကိုတို့ တိုးတိုးလေး ပြောမယ်နော်

❤️တိုးတိုးရော ကျယ်ကျယ်ရောမပြောနဲ့ ခင်ဗျားတို့စကားပြောနေတာ ကျွန်တော်တို့ အိပ်လို့မရဘူး

🖤baby ကလည်း ဖဲမရိုက်ရတာကြာပြီမို့လို့ပါကွာ နော်

❤️လာ Leo ကလေးတွေနှိုး ငါ လေယာဉ်မှူးကိုသွားပြောမယ် ဘန်ကောက်ပြန်မယ်လို့

🖤ဟေ့ ဟေ့ စတာbabyရဲ့ စတာ နေ့ခင်းမှ ရိုက်တော့မယ်နော် ဟဲဟဲ စိတ်မဆိုးနဲ့

ကျွန်တော်တို့ ဝိုင်းပြောမှဟောက်လိုက်မှပဲ နှစ်ယောက်သားငြိမ်ကျသွားပြီး ဖဲထုပ်လေးသိမ်းလို့ ကျွန်တော်တို့နား လာကပ်နေတော့သည်။ P'Nickက Leo နား ကပ်ပြီး စကားတွတ်ထိုးနေသလို ကိုကိုကလည်း ကျွန်တော့်နားကပ်ထိုင်ပြီး ခေါင်းကဆံပင်ကို ခပ်ဖွဖွပွတ်လို့ အိပ်ပျော်အောင် ချော့သိပ်ရှာပါသည်။

HodophilesWhere stories live. Discover now