🖤 Reach For The Stars❤️

295 30 642
                                        

Unicode

🖤Reach For The Stars❤️

Twinkle twinkle little star
How I wonder what you are....

ရေမိုးချိုး အဝတ်လဲပြီးထွက်လာတော့ ဝရန်တာက သီချင်းဆိုသံစာစာလေးတွေကြားရသည်။ မိုးချုပ်ကာစ အလင်းရောင်တွေပျောက်ရှကာစ ကောင်းကင်မှာ ကြယ်လေးတွေက တစ်လုံးစနှစ်လုံးစ အလှပြနေကြပြီလေ။

ပုပုလုံးလုံးကျောပြင်လေးတွေရယ် မြတ်နိုးခြင်းရခြင်းတွေ ခြုံလွှမ်းထားတဲ့ ကျောပြင်လေးရယ်က မိုးပေါ်က ကြယ်လေးတွေကို ငေးလို့ လက်ကလေးတွေဆန့်တန်းလို့ သီချင်းဆိုနေကြတာပါ။

မှိတ်တုတ်တုတ် ကြယ်လေးတွေရှိရာ ဆန့်တန်းနေတဲ့ လက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကိုကြည့်ရင်း အသည်းယားလာတာမို့ ထိုင်နေတဲ့သားအဖသုံးယောက်ကို နောက်ကနေသိမ်းကြုံးပွေ့ပစ်လိုက်တော့ ဆူဆူညံညံအသံလေးတွေ ထွက်ကျလာပြီ။

💛🕊️ခစ်ခစ် ရုပ်နဲ့ဟာ

❤️ကိုကို ဖြည်းဖြည်းဖက်ပါဗျ

🖤ပြောစမ်း သားအဖသုံးယောက် ဘာလုပ်နေကြတာလဲ ငါမပါဘဲနဲ့

💛ခေါ်နေတာရေ တူတို့ကို တချင်းဆိုပြရင် ရာမရားရို့

🕊️ ကြယ်ရေးတေညားရီးရိုချင်တာ ဒီဒီ ဘာရို့ တူတို့နဲ့ မီးငယ်တို့က ဝေးရီးဖစ်နေတာရဲ

💛ချစ်ရို့ ကိုင်ချင်တာ ဝေးရီးမို့ ရဘူးတဲ့

နှုတ်ခမ်းလုံးလေးတွေစူလို့ ခေါင်းလေးတွေငုံ့သွားတော့ baby က မျက်ရည်ဝဲပြီ။ ကြယ်တွေနဲ့ပတ်သက်လို့ သူတစ်ခွန်းမှမပြောနိုင်တာကလည်း စိတ်ထဲကဒဏ်ရာကြောင့်နေမှာပါ။ ကြယ်တွေနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ သားနဲ့သမီးကို သူထပ်မပေးချင်တော့တဲ့စိတ်ကို အပြည့်အဝနားလည်ရတာမို့ ကျွန်တော်ဝင်ပါရတော့မှာပေါ့။ ကျွန်တော်ချစ်ရတဲ့ ကမ္ဘာလေးတွေ မပြုံးနေရင် အသက်ရှင်ရတာ အဓိပ္ပါယ်မှ မရှိတာ။

🖤ဘယ်သူပြောလဲဗျာ အဝေးကြီးလို့ ဒီဒီပြမယ် သုံးယောက်လုံး လက်မြှောက်

လက်မြှောက်ဆိုတော့ တုံဏှိဘာဝေလုပ်နေတာမို့ ကိုယ်ပဲသူတို့လက်ကို ကိုင်ပြီး ခုနကလို ကြယ်တွေရှိရာ လက်ဆန့်ပေးလိုက်သည်။

HodophilesWhere stories live. Discover now