🖤 Broken is Beautiful-2❤️

240 29 600
                                        

Unicode

🖤 Broken is Beautiful-2❤️

ဖြောင့်ဖြူးနေသော လမ်းမထက် ကားမောင်းနေချိန် ပင်လယ်နဲ့ နှင်းတောင်တန်းတွေကို ဖြတ်ကျော်လာသော လေအေးတို့က လူကိုအေးချမ်းစွာ ထွေးပွေ့တော့ အေးမြလို့...

ကြိုးတပ်တူရိယာ တစ်မျိုးဖြစ်သော ဂစ်တာဟာ ကျွန်တော့်နတ်ဘုရား ဖန်ဆင်းသော သံစဉ်တွေမှာ မွေ့လျော်နေလေတော့ ဒီအချိန်လေးကကို ထပ်အစားထိုးချင်စရာမရှိအောင် ပြည့်စုံရပါသည်။

💛🕊️ယူအာမိုင် ဆန်းရှိုင်း
မိုင် အုန်းရီး ဆန်းရှိုင်း
ယူ မိက် မီ ဟက်ပီးးးးးးးဝှမ်း စကိုင်း အာ ဂရေး
ယူ နဲဗား နိုး ဒီးးးရား ဟောင်း မက်ခ်ျ အိုင် လော့ ဗယူ
ပလိစ် ဒုန့် တိက် မိုင် ဆန်းရှိုင်း အဝေး

Acoustic version ဆန်ဆန် ကိုကို့လက်သံကိုမှ သားနဲ့သမီးရဲ့ မပီကလာအသံလေးတွေ ထပ်ပေါင်းတော့ ပြည့်စုံခြင်းဟာ လှပစွာ အချိုးမကျလို့ပေါ့။ ကိုယ့်အတွေးကိုယ်ပဲနားလည်တာမို့ စိတ်လိုလက်ရ အော်ပစ်လိုက်သည်။

❤️wooww yay... ကြိုက်တယ်ဗျိုးးး

🖤baby ကိုကို မောင်းမယ်လေ

❤️ဟင့်အင်း ဂစ်တာဆက်တီးပြ အချိန်တွေပါ ကိုကို့နောက်မျောပါသွားအောင်လို့

🖤 စကားလုံးတွေနဲ့ မင်း ချုပ်နေလိုက် ငါ့ကို တကယ် မနိုင်တဲ့ သူပုန်ကောင်

❤️လုပ်ပါ ဂစ်တာတီးပြပါ ဗျာ baby ကြိုက်လို့ပါဆို

🖤တောင်းဆိုတော့လည်း တီးပြရမှာပေါ့ကွာ

❤️ကောင်းကောင်းလေးနော်

🖤ကဲ သားနဲ့သမီး အစွမ်းပြလိုက်ရအောင် Are you Readyyyyy....

💛🕊️Yayyyyyyyy......

🖤Ok 1 2 3 4....

💛🕊️A B C D E F G H I J K L M N O P...

❤️ကြိုက်တယ် ဆိုသာဆို ဟားဟားဟား

သားအဖတွေ ဘာပဲလုပ်နေနေ ကျွန်တော်ကချစ်နေရတာပဲမို့ စိတ်ကိုချမ်းသာရတာပါပဲ။တီးချင်ရာတီး ဆိုချင်ရာဆိုပြီး သားအဖတွေ လက်ခုပ်တီးလို့ အားပေးကြတော့ ကိုယ်ကကားမောင်းနေရတာမို့ ပါးစပ်နဲ့ပဲ လက်ခုပ်လိုက်တီးရတာပေါ့။

HodophilesWhere stories live. Discover now