🖤 Endure Love❤️

306 36 675
                                    

Unicode

🖤Endure Love❤️

Te Mahuru ရဲ့ ညနေဆည်းဆာချိန်မှာ Barbecue Areaမှာ လူစည်ကားနေကြပြီ။ Blackနဲ့ Beautifulရယ် ဝက်လုံးနှစ်ကောင်ရယ်ကတော့ မြက်ခင်းကျယ်ကျယ်ကို ပင်လယ်ထင်နေလားမသိ ပြေးနေလွှားနေတာကို မရပ်တော့။

ကျွန်တော်လည်း အသားကင်နေတာ ကူချင်ပေမဲ့ မုန့်ဖက်ထုပ်လေးက မနေ့ညကအအေးမိတဲ့ဒဏ်နဲ့ မဖျားဘဲ ချောင်းတွေတအားဆိုးနေတော့ သူ့နားက ခွာလို့ကိုမရ။ လည်ချောင်းထဲက သွေးပါတဲ့ထိဆိုးနေတာမို့ ဒင်းကို ကလေးလို ရိုက်ချင်တာလည်း ပြောမနေပါနဲ့တော့။

❤️အဟွတ် အဟွတ် အဟွတ် သေမဲ့ချောင်း မရပ်တော့ဘူး

🖤ဆိုးတာကိုးကွာ baby ဆိုးတာကိုး

ကျောပွတ်ပေးနေရင်းနဲ့ ကိုယ်ပါရင်ဘတ်တွေအောင့်သလိုခံစားရတာပါ။ ရင်ဘတ်ဖိပေးလိုက် ကျောပွတ်ပေးလိုက်နဲ့ babyတို့ ထုံးစံတိုင်း အီရစ်စိန်ဖြစ်နေပါပြီ။ နေမကောင်းလို့ အီချင်တာကို တင်းခံနေတော့ ရစ်လည်းရစ်သေးတယ်လေ။

❤️မဆူနဲ့ အဟွတ်

🖤မဆူပါဘူး ပြောပြတာ baby ဆိုးတာက ချစ်စရာလေးလို့  ဘာစားမလဲ ကြက်စွပ်ပြုတ်သောက်မလား ကိုကို ပြုတ်ပေးမယ်လေ

❤️မစားချင် အဟွတ် ဘူး အဟွတ်

🖤မစားလို့မရဘူး စားရမယ် သားနဲ့သမီးရေ ပါပါးကို လာဆူဦးဟေး

💛🕊️ရာဘီဟေးးးးးး

❤️ကိုကိုကလည်းဗျာ အဟွတ် အဟွတ်

လက်ကိုင်ပုဝါလေးနဲ့အုပ်လို့ ချောင်းတဟွတ်ဟွတ်ဆိုးနေရတဲ့ကလေးကိုကြည့်ရင်း ကျွန်တော်သနားလိုက်တာ။ မျက်နှာလေးကလည်း ပေါက်ထွက်မလို ရဲနေပြီ။

💛ပါပါး ဆိုးနေတာရား

🕊️ပါပါး ရူဆိုးဖစ်နေတာရား

🖤အေးကွာ ချောင်းတွေဆိုးနေတာကို ဘာမှမစားဘူးလုပ်နေတာ စားပြီးဆေးသောက်ရမှာကိုလေ

💛စားမစားရင် ချစ်တော့ဘူး

❤️လုပ်ပါနဲ့ ချစ်ပါကွ အဟွတ် အဟွတ်

🕊️ရိမ်မာရင် ခေါ်တော့ဘူးနော်

❤️လိမ္မာပါ့မယ်ဗျာ အဟွတ် အဟွတ် အဟွတ်

HodophilesOnde histórias criam vida. Descubra agora