To my North ✨
Victory ရဲ့ တေးသံနဲ့ Northern lightတို့ အတောက်ပဆုံး လင်းလက်ခဲ့တဲ့ညက ကကွက်တို့ဟာ Antarctica ရဲ့ မနက်ခင်း ပင်လယ်ပြင်မှာ ခမ်းနားစွာ ဖြစ်တည်နေသည်။
Two step from hell တဖြစ်လဲ ကျွန်တော့်ရဲ့ ခမ်းနားတဲ့ ကောင်းကင်ဘုံလေးဟာ ကျွန်တော့်ဘဝရဲ့နေရာတိုင်းမှာ ရိပ်မိုးပေးထားရာ အေးချမ်းဖွယ်အကြည်ဓာတ်ကလေးပါ။မနေ့ညက ကျွန်တော့်မွေးနေ့အကြိုလုပ်ပေးပြီး အိပ်တာ နောက်ကျတာတောင် အခုမနက်အစောကြီးမှာ သင်္ဘောကုန်းပတ်နေရာကျယ်ကျယ်မှာ ဖုန်းနဲ့သီချင်းဖွင့်လို့ လာကနေတာပါ။ နေရောင်ခြည်တက်လာတာနဲ့အမျှ ရေခဲတောင်တို့ရဲ့ ခမ်းနားခြင်းဟာ ရွှေရောင်အနားသတ်ကွပ်ထားသလို အလင်းတို့ ဖြာထွက်နေသလို အဖြူရောင်ဘဲငန်းလေးရဲ့ တောက်ပမှုကိုလည်း မီးမောင်းထိုးပြနေသလိုမို့ ဒီပုံရိပ်ကို လက်လွှတ်ခံစရာအကြောင်းမရှိဘူးလေ။ ဖုန်းနဲ့ videoသေချာရိုက်ယူနေရင်း အသက်ရှူတောင်ရပ်မတတ် သူ့ကကွက်တွေကြား နှလုံးသားက စီးမျောလိုက်ရတာ လွင့်မျောလိုက်ရတာများ ပြောမပြတတ်အောင်ပါပဲ။
ဘဲငန်းဝိညာဉ်ကပ်နေသလားမှတ်ရအောင် သူ့မှာ တကျော့ပြီးတကျော့ ကနေခုန်နေလိုက်တာများ အိပ်ရာနိုးလာလို့ Breakfast စားဖို့လာကြသူအသီးသီးက သူ့ကို တိတ်တဆိတ် ငေးမောအားပေးနေကြတာကိုလည်း သူမသိပါဘူး။ မြင့်မားတဲ့အရပ် သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ အဖြူရောင် ဝတ်ရုံရှည်အပါးလေးရုံလို့ အေးခဲခြင်းကို အံတုနေတဲ့ ကောင်လေးက Laplandရဲ့ ညကို ပြန်ပြောင်းသတိရစေသူလေးမို့ ကျွန်တော့်မှာ မျက်ရည်တောင်ဝဲမိပါတယ်။
💛မီးငယ် မှတ်မိသေးလား ပါပါး နှင်းတောထဲမှာ ကခဲ့တဲ့ ညကိုလေ
🕊️ မှတ်မိတာပေါ့ မီးငယ် ပါပါးက လောကကြီးမှာ အလှဆုံး ဘဲလေးအကသမားပဲ
လူကြီးလေးတွေလို ကျေနပ်ပီတိဖြစ်နေတဲ့လေသံတွေနဲ့ ဖခင်လုပ်သူ ကနေတာကို ငေးမောကြည့်နေကြတဲ့ ကလေးတွေကိုလည်း video မှတ်တမ်းထဲ ထည့်သိမ်းရမှာပေါ့။
☄️Wow လှလိုက်တာ P'Saint အဲ့လို ကတတ်မယ် ထင်မထားဘူး Ballet ပြဇာတ်ကို ဇာတ်ရုံမှာ ထိုင်ကြည့်နေရသလိုပဲ သူမမောဘူးနော်
