✨Ice Desert -4✨

121 22 164
                                    

Unicode

✨Ice Desert -4✨

Day-1🐧 (Part-2)

မနက်၃နာရီလောက်မှာ နှိုးစက်သံကြားလို့ နိုးလာခဲ့ပေမဲ့ ကျွန်တော့်ဘေးက P'Liam ကတော့ နှိုးစက်သံနဲ့ သူနဲ့ လားလားမှမသက်ဆိုင်သလိုမျိုး အိပ်နေလိုက်တာ တုပ်တုပ်တောင်မလှုပ်။ အိပ်ရာကထ သန့်စင်ခန်းဝင် ရေမိုးချိုး မျက်နှာသစ်သွားတိုက်ပြီး အပြင်ပြန်ထွက်လာတဲ့ထိလည်း သူမနိုးသေးပါဘူး။ မဖြစ်သေးဘူးဆိုပြီး နှိုးမယ်လို့ ကြံရွယ်ချိန်မှာ ဖုန်းထဲစာဝင်လာသံကြောင့် ကြည့်လိုက်တော့ Daddy ဆီက message ဖြစ်နေသည်။

💌 Ushuaia မှာ လက်ဆောင်လေးတစ်ခု သားတို့အတွက်စီစဉ်ပေးထားတယ်💌

လက်ဆောင်တဲ့ ဘာလက်ဆောင်ရယ်မသိပေမဲ့Daddy က အမှတ်တရဖြစ်စေမဲ့ လက်ဆောင်မျိုးပဲ ပေးတတ်တဲ့လူပါ။ ကျွန်တော်ကိုယ်တိုင်ပါနေတာတကြောင်း ကျွန်တော်တို့အားလုံး သူ့နယ်မြေမှာ အထိအခိုက်မရှိစေဖို့က သူ့တာဝန်လို့ မှတ်ယူသည်ကတကြောင်းကြောင့် ဘေးကင်းလုံခြုံ အမှတ်တရဖြစ်စေမဲ့ လက်ဆောင်ပဲ နေမှာပါလေ။

အဝတ်အစားလေးလဲပြီး မနက်စောစောဟိုတယ်အပြင်ဘက်လေညှင်းခံဖို့ရော စိတ်ကလေးအစဉ်တကျဖြစ်ဖို့ရာပါ လမ်းလျှောက်ထွက်လာတော့ မမျှော်လင့်ပဲ တွေ့ရတာက ချစ်ရတဲ့လူသားကြီးဖြစ်နေသည်။ Lobbyကနေ ဟိုတယ်တွင်းစားသောက်ခန်းမဘက်ဝင်သွားတာတွေ့လိုက်လို့ နောက်ကလိုက်သွားမိတာက နှလုံးသားရဲ့ခိုင်းစေချက်အရပါပဲ။

☄️Sham

‌ကျွန်တော်ခေါ်တော့ တချက်ပဲလှည့်ကြည့်ပြီး ဟိုတယ်မန်နေဂျာနဲ့ဘာတွေပြောနေသည်မသိ။ ပုံမှန်ဆို ဒီနေရာမှာ breakfast က မနက်၆ခွဲမှသာ စတင်ရရှိနိုင်သည်လို့ ဝင်ပေါက်မှာရေးထားပေမဲ့ အခု Shamပြောနေတာတွေ နားထောင်ရတာ ကိုယ်တွေတစ်ဖွဲ့လုံးစာ breakfast အတွက် မန်နေဂျာကို request လုပ်နေပုံရပါတယ်။ ညှိနှိုင်းရေးတွေမှာတော်တဲ့ စီးပွားရေးသမားပီပီ လိုချင်တာ မရရအောင် လုပ်ယူခဲ့ဖူးသူပီပီ ကိုယ်တွေအတွက် မနက်စာတနပ်တော့ မန်နေဂျာနဲ့သဘောတူညီမှုရသွားခဲ့တာပါပဲ နောက်ဆုံးတော့ပေါ့။

🍀မင်းကဘာလို့ စောစောစီးစီး ဒီနေရာကို ရောက်လာတာလဲ

☄️စောစောနိုးလို့ လမ်းထလျှောက်ရင်း Shamကိုတွေ့လို့ ရောက်လာတာပါ ဒါနဲ့ ဖေဖေက ခုနကပဲစာပို့လာတယ် Ushuaia မှာ ကျွန်တော်တို့အတွက်လက်ဆောင်ပြင်ထားတယ်တဲ့

HodophilesTempat cerita menjadi hidup. Temukan sekarang