Unicode
✨Moments To Memories ✨
✨အခိုက်အတန့်ဆိုတာ ခဏပဲရတယ် ပြီးတော့ တစ်ခါပဲရှိတယ်✨
。・:*:・゚★,。・:*:・゚☆ 。・:*:・゚★,。・:*:・゚☆
Stanley ကနေ ပြန်လာပြီး နောက်ရက်မှာပဲ babyနဲ့ ကျွန်တော် စကားများရသည်။ စကားများကြတယ်လို့သာ အမည်ခံတာ တကယ်က ကျွန်တော်က သူ့ကို စိတ်ဆိုးတာပါ။ အရင်လို စိတ်ဆိုးသူက သူမဟုတ်ဘဲ ကျွန်တော်ဖြစ်နေတာကသာ နည်းနည်းထူးဆန်းတာ မဟုတ်လား ထားပါတော့လေ။ ဖြစ်ရတဲ့ အကြောင်းရင်းခံကတော့ ကျွန်တော့်နားမှာမနေဘဲ တချိန်လုံး သူလုပ်ချင်ရာတွေလုပ် မတည့်တာတွေလျှောက်စား လျှောက်သွားနဲ့ ကုန်းပေါ်မှာတုန်းက ပြောစကားနားထောင်သလောက် ရေထဲပြန်ရောက်တာနဲ့ သောင်းကျန်းတဲ့ လိပ်မျိုးလေးမို့လို့လေ။
❤️စိတ်ဆိုးနေလည်းရတယ် ဒီည အဖေချင်းလဲအိပ်မယ်
🖤ဘာကို အဖေချင်းလဲအိပ်မှာလဲ လူကြီးတွေကို တော်ရုံပဲ ဒုက္ခပေး
❤️ကိုကိုက babyကို စိတ်ဆိုးနေတာလေ အဲ့တော့ babyနှလုံးသားလေးက ဝမ်းနည်း...
🖤ဘာ ဝမ်းနည်းတာလဲ မင်း ဒီမျက်ခွက်ကြီးလား ဝမ်းနည်းတာ ဟမ်
နှုတ်ခမ်းက နားရွက်ချိတ်မတတ် ဖြီးနေတဲ့ မျက်နှာနဲ့ နှလုံးသားလေးဝမ်းနည်းတယ်ပြောနေတဲ့ကောင်ရဲ့ ပါးဖောင်းဖောင်းကို စိတ်တိုတိုနဲ့ မချင့်မရဲဖြစ်လို့ ညှစ်ပစ်တော့ ဒင်းက တဟားဟားအော်ရယ်သေး။
🖤စိတ်ဆိုးနေပါတယ်ဆို မင်းက မချော့ဘူးလား
❤️ချော့စရာလား ဝမ်းနည်းနေတာက babyလေ ဟားဟားဟား
ပြောနေရင်း ထပြေးလို့ နောက်ကလိုက်ရပြန်ပြီ။ သူပြေးတာက ဖေဖေတို့ စကားထိုင်ပြောနေတဲ့ သင်္ဘောကုန်းပတ်ပေါ်ကိုပါ။ နေအလင်းရောင် မရှိတော့တာတောင် မိုးကုပ်စက်ဝိုင်းစွန်းက အလင်းသဲ့သဲ့လေးနဲ့တင် ရှုခင်းတွေက အသက်ရှူမှားလောက်အောင်လှတာမို့ အကုန်လုံးက ဒီသဘာဝထဲ စိတ်အေးချမ်းသာစီးမျော နေနိုင်ကြပေမဲ့ မနေနိုင်သူကတော့ ကျွန်တော်တို့ပဲ ရှိမှာပါ။
❤️ဖေဖေရေ Shamရေ
သူကအဲ့လို အော်ပြေးတော့ လူကြီးနှစ်ယောက်က အလန့်တကြားနဲ့ ကျွန်တော်တို့ကို ကြည့်လာသည်။
