Unicode
🖤 Apricity-10❤️
✨အေးစက်ခြင်းကြားက နွေးမြရတဲ့ ဤမေတ္တာ အသင်္ချေအနန္တတည်ပါစေ...✨
❄️✨❄️✨❄️✨❄️✨
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်ငြား ကျတော့်ရဲ့ ကိုယ်ပိုင်အနွေးဓာတ်က အနားမရှိတဲ့အခါ လူကနိုးလာရပြီ။ အိပ်မပျော်ခင်က တဖွဖွနှစ်သိမ့်ခဲ့သော်ငြား စိတ်ထိခိုက်လို့များ ထထွက်သွားလေသလား။
အိပ်ရာက ထလို့ ခေါင်းကိုမော့တော့ လှပသော ရောင်စဉ်တို့ဟာ ယိမ်းနွဲ့ကခုန်နေလျက်ရှိတာကို မြင်ရတာမို့ ခဏလေး တွေငေးမိသွားသည်။ မကြာခင် ဒီကပြန်ရတော့မယ်လို့ စက္ကန့်ပိုင်းမျှအတွေးဝင်ပြီးနောက်မှာ ဝတ်ထားတဲ့ အနွေးထည်ကို တင်းတင်းဆွဲချလို့ အောက်ထပ်ကို အသာဆင်းနေတုံး အပြင်ကနေ ကိုကို ပြန်ဝင်လာတာမြင်ရသည်။
🖤baby...
❤️ကိုကို
ကြောင်လိမ်လှေကားကို ကွေ့ပတ်ဆင်းရင်း သူ့ရင်ခွင်ထဲ နင့်ခနဲနေအောင်တိုးဝင်လို့ မလွတ်တမ်းပွေ့ဖက်ထားလိုက်သည်။ နာကျင်တာရှိရင်လည်း ခဏမျှ ပြေပျောက်ပါစေတော့ရယ်လို့ပေါ့။ရင်ခွင်ထဲကနေ သူ့မျက်နှာကို ကြည့်တော့ ပြုံးပြနေတဲ့ အပြုံးက ကြည်ကြည်စင်စင်ဆိုသလို မျက်ဝန်းတို့က အနည်းငယ် မို့အစ်နေတာမို့ ကျတော့်နှလုံးသားက လေးလံသွားရသည်။
❤️ငိုခဲ့တာလားဟင်
🖤ပျော်လို့ ငိုခဲ့တာပါ baby
❤️baby ရော ငိုခွင့်ရှိမလား ကိုကိုနဲ့ အတူတူလေ
🖤အွန်း လာ ကိုကို ပြောပြမယ်
လူကို ဆတ်ခနဲပွေ့ချီလို့ ဆိုဖာမှာထိုင်ရင်း သူ့ရင်ခွင်ထဲထွေးပွေ့ခံရရင်း သူပြောပြတဲ့ မေတ္တာပုံပြင်ကို နားထောင်ရတဲ့အခါ ရင်ထဲတငြိမ့်ငြိမ့်နဲ့ မျက်ရည်တို့က နှလုံးသားအတွင်းတစ်နေရာကနေ စိမ့်ထွက်လာသည်။ အေးစက်နေတဲ့ အနုတ်ဒီဂရီရေခဲမှတ်တို့ဟာ ဒီမေတ္တာကို တိုက်စားအေးခဲစေဖို့ မြူတမှုန်စာတောင် မစွမ်းဆောင်နိုင်ခဲ့ကြောင်း တူတူကျရတဲ့ မျက်ရည်တို့က သက်သေ ပြနေသည်ပဲလေ။