✨Ice Desert- 2✨

178 21 107
                                        

Unicode

✨Ice Desert-2✨

တည်ရှိမှု ဖြစ်တည်မှုကို ပြဖို့ ပထမခြေလှမ်း အထမြောက်တဲ့အခါ ဆက်ပြီးလုပ်ရမှာက ဘာဆိုတာကို နှလုံးသားက အပြေးအလွှား သတိပေးနေပြီမို့ လက်က ချက်ချင်းဖုန်းကိုကိုင်လို့ ခေါ်မိပါပြီ။ ဖုန်းဝင်ပြီး သိပ်မကြာ ကြားရတဲ့အသံက အံ့ဩခြင်းတွေပါသလို ဝမ်းသာခြင်းတွေလည်း ပါပါတယ်။

"ငါ့သားအဆိုးလေး Daddy ဆီက ဘာလိုချင်ပြန်သလဲ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါဗျာ ဟိုကောင် Shamတော့ ရအောင်မယူပေးနိုင်ဘူးနော်"

အမြဲတစေ လိုချင်တာ မရရအောင် ဖြည့်ဆည်းပေးလေ့ရှိတဲ့ Daddy က Sham ဆိုတဲ့လူသားကလွဲလို့ ကျန်တာအားလုံးဖြည့်ဆည်းပေးနိုင်တာ ကျွန်တော်သိပါသည်။ Shamကတော့ သူကိုယ်တိုင်မနိုင်တဲ့ နေရာတစ်ခုမှာရှိနေသူမို့ကတကြောင်း သူ့မိတ်ဆွေ သူငယ်ချင်းဖြစ်နေတာတကြောင်းကြောင့်လည်း ပါတာပေါ့လေ။

☄️သားက မဆိုးဘဲ လိမ္မာနေတာ Daddy သိရဲ့သားနဲ့ဗျာ

"ဟုတ်ပါတယ်ဗျာ Daddy က ငါ့သားကို ခုလိုအနေအထားလေးနဲ့မြင်ချင်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ အခု Daddyအရမ်းကို စိတ်ချမ်းသာနေတာ သားသိလား"

☄️သိပါတယ် Daddy.....အခု သားအရေးတကြီး အကူအညီလေးတောင်းစရာရှိလို့ပါ

"ပြော ငါ့သား ဘာလုပ်ပေးရမလဲ"

☄️Daddy က IAATO member ဟုတ်တယ်ဟုတ်

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

☄️သားအခု Sham တို့မိသားစုနဲ့ တူတူ South Georgia တခွင်နဲ့ Falkland Islands တွေဘက် လာဖို့ရှိတယ် Antarctica ခရီးစဉ်ပေါ့ Daddy ရာ အဲ့ဒါလေ သားပါနေတော့ Shamက သားနဲ့လုံးဝပတ်သက်ချင်မှာမဟုတ်ဘူး ‌Daddy လက်အောက်က Vessel မှန်သမျှ သူရှောင်လိမ့်မယ် သားပြောတာ သဘောပေါက်တယ်မှတ်လား

"ပေါက်ပြီ ငါ့သားရေ မပူပါနဲ့ ကျန်တဲ့ member အကုန်လုံးကို ဖေဖေ့လက်ထဲရောက်လာအောင် ဖန်တီးလို့ရပါတယ် အဓိကက ဘယ် Cruise ship နဲ့ ငါ့သားလေး ရေခဲသမုဒ္ဒရာထဲ သွားချင်သလဲသာပြော"

☄️Symphony of Ocean ပေါ့ Daddy ရာ

"Daddyကိုသာ သူ့လောက်ချစ်ရင် သေပျော်ပါပြီ ငါ့သားရာ ဟားဟားဟားဟား"

HodophilesTempat cerita menjadi hidup. Temukan sekarang