147 17 7
                                    

Unicode

ပြောထားသလို အပိုင်းသစ်မတင်ပေးနိုင်လို့ အားနာရပါကြောင်း အရင်ပြောချင်ပါတယ်။ စိတ်ရောလူပါ ပင်ပန်းနေလို့ စာကောင်းကောင်းမရေးနိုင်တာက ဒီညမတင်ပေးရခြင်းရဲ့ အဓိက အကြောင်းအရာပါ။ပြီးစလွယ်ဖြစ်သလို မရေးတတ်တာကြောင့် ပေါ့ပျက်ပျက်ရေးပြီးမတင်ပေးချင်တာလည်းပါပါတယ်။ဘယ်လိုပဲဖြစ်ပါစေ ခုထိသူတို့နားရှိနေပေးကြသူတွေကို ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ဒီ တစ်နှစ်တာဟာ ပျော်စရာမဖြစ်ခဲ့ပေမဲ့ လာမဲ့နှစ်ဟာ ဒီအမှောင်ထုထဲကနေ ရုန်းထွက်နိုင်တဲ့ ပျော်စရာကောင်းတဲ့ နှစ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီနှစ်အတွင်းမှာ ficနဲ့ ပတ်သက်လို့ အစ်မဘက်က လွန်တာတွေရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်သလို အစ်မစိတ်ကို နားလည်ပေးနေတဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ဘယ်သူနဲ့မှမတူအောင် ဒီကလေးတွေကို ရူးသွပ်ရင်းချစ်တာမို့ နားလည်ရခက်သူမှန်းကိုယ့်ဟာကိုယ် သိတာမို့ နားမလည်ပေးနိုင်ကြသူတွေကိုလည်း ဘာမှစောဒကတက်ငြိုငြင်နေမှာမဟုတ်ပါဘူး။

မနှစ်က မီးသွေးခဲနဲ့ သူပုန်လေးက နှစ်ကူးညမှာ တူညီတဲ့ဆန္ဒကိုယ်စီရှိခဲ့ကြပါတယ်။ချစ်ရတဲ့ကလေးတွေကို ပြုစုပျိုးထောင်ရင်း အတူတူရှိသွားကြမယ်လို့ပေါ့။ဒီနှစ်အတွက် သူတို့ရဲ့ ဆုတောင်းစကားကလည်း ထပ်တူပါပဲ။သူတို့ကို အစကနေ အခုထိ ယုံကြည်ပြီး ချစ်နေပေး ရှိနေပေးသူတွေကို ကမ္ဘာ့မြောက်ဖျားတစ်နေရာက Northern lights များ ပျော်မွေ့ရာနယ်မြေကနေ နှစ်သစ်နှုတ်ခွန်းဆက်ပါတယ်တဲ့။

မေတ္တာစစ်မေတ္တာမှန်ကို တန်ဖိုးထားတတ်သောသူများနဲ့သာ ဘဝမှာ ဆုံစည်းခွင့်ရပါစေတဲ့🖤❤️💛🕊️

သိပ်မကြာခင်ရက်ပိုင်းအတွင်း ခရီးဆက်ဖို့ ပြန်လာမှာဖြစ်သလို ရှေ့တစ်နှစ်တာမှာလည်း ဘယ်လိုစိတ်ဓာတ်ကျမှုမျိုးပဲရှိလာလာ ရှိနေဖို့ကြိုးစားသွားမှာပါလို့။

အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

🖤❤️💛🕊️✨

Zawgyi






🖤❤️💛🕊️✨

HodophilesWhere stories live. Discover now