✨Ice Desert -9✨

153 25 139
                                        

Unicode

✨Ice Desert -9✨

Day-4  ✨Dream✨

Antarctica ရဲ့ ရာသီဥတုက နားလည်ရခက်လောက်အောင်ပင် New Island က ပြန်လာပြီးတည်းက မိုးရိပ်မိုးခြေနဲ့ လေတို့ဆင်နေသောကြောင့် ကိုယ်တွေ cruise shipကို  လုံခြုံရာ ကျွန်းခြေတစ်ခုအနီး ကျောက်ချလို့ သာယာမှုကို စောင့်နေတာ မနေ့ကတစ်ရက်ပင်ကုန်ခဲ့ပြီ။

ဒီနေ့တစ်ရက်ကတော့ သိသိသာသာ ရာသီဥတုက သာယာလာခဲ့ပေမဲ့ နက်ဖြန်မှပဲ Stanley ဆိပ်ကမ်းမြို့လေးကို သွားကြဖို့ အားလုံးက လိုလိုလားလားပဲ သဘောတူကြပါသည်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောကျောက်ချရပ်နားရာနေရာက ရှုခင်းကတင်ပဲ သေလုအောင် လှပနေသည်ကိုး။ ရာသီဥတုအခြေအနေက သေချာအောင်စောင့်ကြည့်ဖို့ လိုသေးတာလည်း ပါတာပေါ့လေ။

ကြည့်မိရုံနဲ့တင် အေးစက်မှုကထွေးပွေ့သွားသလိုမျိုး တစုံတရာရဲ့ အရှိန်အဝါအောက် ဒူးထောက်ခစားရလောက်အောင်ထိ ခံစားချက်မျိုးပေးစွမ်းပါသော ရေခဲတောင်ကြီးတွေနဲ့ ရေခဲသောင်ပြင်တွေရယ်က မသာယာတဲ့ ရာသီဥတုကြားမှာတောင် ဆွဲဆောင်နိုင်လွန်းလှသည်။

ဒီမနက်နေထွက်လာချိန်မှာတော့ ရင်သပ်ရှုမောစရာအလှမျိုးနဲ့ တမျိုးတဖုံဖမ်းစားနေပြန်သည်လေ။ တခါတလေမှာ စောင့်ဆိုင်းရခြင်းတွေက အဖိုးတန်အခိုက်အတန့်တွေနဲ့ တွေ့ဆုံစေနိုင်တာပဲ ဆိုတော့ မနက်ဖြန်ဆိုသော အချိန်ကိုစိတ်ရှည်ရှည်နဲ့ စောင့်နေသူထဲ ကျွန်တော်ပါပါတယ်။

☄️P' ဒီနေ့ ရဟတ်ယာဉ်စီစဉ်ပေးရမလား Stanley မှာ လေဆိပ်ရှိတယ်လေ

💚ရပါတယ်ကွာ ငါ ခုချိန်ထိ စောင့်လာပြီးပြီပဲ နက်ဖြန်ထိ ငါစောင့်နိုင်ပါတယ်

☄️ Stanley က လူဦးရေ 2500 ကျော်လောက်ပဲရှိတော့ ရှာရမခက်ဘူးလေ Daddyလူတွေက လူရှာတဲ့နေရာလည်း တော်တယ် မနက်ဖြန် ကျွန်တော် ကူရှာပေးပါ့မယ်  Alda ဆိုတဲ့ နာမည်နဲ့နော်

💚ကျေးဇူးပဲကွာ ဟူးးးးးး

ပေါ့ပေါ့ပါးပါး အမြဲနေတတ်တဲ့ကျွန်တော်မို့ ကျွန်တော့်ရဲ့ စိတ်လှုပ်ရှားမှုကို မြင်နေရတဲ့ဘေးကကောင်က မျက်လုံးကြီးပြူးပြီးကြည့်လို့။

HodophilesDonde viven las historias. Descúbrelo ahora