🖤 Apricity-6❤️

246 25 298
                                        

Unicode

🖤 Apricity-6❤️

❄️ Lapland @ Fairy Tale City❄️

✨ Rovaniemi Day -2✨

မှိတ်တုတ်တုတ်ကားမီးရောင်လေး နှင်းဖုံးလမ်းမကြီးကနေထွက်သွားတာကို မျက်စိတဆုံးငေးကြည့်ပြီးတော့မှ ညောင်းညာနေမှန်း ခံစားမိတော့သည်။

အချိန်အားဖြင့် ညသန်းခေါင်ကျော်လို့ 2နာရီခွဲနေပြီမို့ ကလေးသုံးယောက်ကတော့ ဖအေတွေလက်ထဲ အိပ်ပျော်နေကြပြီလေ။ ကျွန်တော်နဲ့ baby က သားနဲ့သမီးကိုချီ Nickကလည်း Lone ကို ချီရင်း ကိုယ့်အိမ်လေးထဲကိုယ်ဝင်လာမှပဲ အအေးဓာတ်ကနေ အနည်းငယ်လွတ်မြောက်တော့သည်။

အိပ်ပျော်နေတဲ့သားနဲ့သမီးကို တယုတယချီပွေ့လို့ ကြောင်လိမ်လှေကားပေါ်ကို babyကို အရင်တက်စေသည်။ ကျွန်တော့်ကလေးငယ်လည်း အပျော်တွေကြား ပင်ပန်းနေမှာခံစားမိတာမို့ စိတ်မချနိုင်ဘဲ အရိပ်တကြည့်ကြည့် ကြည့်နေမှဖြစ်မှာပါ။မတော် လှေကားတက်နေရင်း ခြေချော်ကျနေမှ ကျွန်တော်ရင်ကျိုးရချည်ရဲ့ဗျာ။

အပေါ်ထပ်ရောက်တော့ သားနဲ့သမီးကို အိပ်ရာပေါ်တင်ပေးပြီး Heat padလေးတွေကို လက်ဖဝါးနှစ်ဖက် ခြေဖဝါးနှစ်ဖက်မှာ ကပ်ပေးလိုက်သည်။တညလုံး Northern lightsကိုကြည့်ပြီး ပျော်နေဆော့နေခဲ့ကြတာမို့ အခု ဘယ်လိုမှမဟန်နိုင်အောင် တိုက်ပွဲကျကုန်ကြပြီလေ။ ကလေးတွေကို စောင်သေချာခြုံပေးပြီးတာနဲ့  ကျတော်တို့လည်း စောင်ခြုံထဲဝင်တိုးလို့ အိပ်ဖို့ပြင်ရသည်။မနက်ဖြန် 10နာရီလောက်မှာ Snowmobile Safari Tourရှိတယ်လေ။အိပ်ရေးဝလေပိုအားရှိလေမဟုတ်လား။

🖤baby လေး အိပ်တော့နော်

❤️ဟုတ် ကိုကိုလည်း အိပ်တော့နော်

သားနဲ့သမီးကို အလယ်မှာထားပြီး အိပ်စက်ကြချိန်မှာ ကောင်းကင်ယံက ကြယ်တစ်လုံးကြွေကျသွားတာကို မြင်လိုက်ရသည်။ဘယ်အရပ်ကို ကြွေကြွေ ထိုက်တန်တဲ့ မြေပေါ်သာ ဖြစ်ပါစေ ကြယ်လေးရေ။

Time Skip ✨❄️✨❄️

အေးချမ်းတဲ့ဒဏ်နဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်မိတော့ ပင်ပန်းပြီး အိပ်ပျော်နေတယ်ဆိုပေမဲ့ ခြေထောက်ကနာလို့ ညည်းနေမိတာ ကိုယ့်ဟာကိုယ်သိသည်။ အသံမထွက်အောင် ပါးစပ်ကို တင်းတင်းစိလို့ ဇွတ်အိပ်ပစ်မယ်လုပ်နေတုံးမှာ လှစ်ဟာသွားတဲ့ ခန္ဓာအောက်ပိုင်းက စောင်ရယ် ချက်ချင်းနွေးထွေးသွားတဲ့ ခြေထောက်ရယ်ကြောင့် မျက်လုံးတို့ကို ဖွင့်လိုက်ရသည်။

HodophilesWhere stories live. Discover now