Unicode
✨Ice Desert -6✨
Day - 2 (Part-2)
အသက်ရှူသံကိုတောင် မြတ်နိုးရတဲ့ ချစ်ခြင်းတရားဟာ ကျွန်တော့်ဘဝမှာ baby ဆိုသော လူသားလေးနဲ့အတူ ယှဉ်တွဲတည်ရှိပါတယ်။ မနက်အိပ်ရာထတိုင်း ကျွန်တော့် ရင်ခွင်ထဲက သူ့ရဲ့ အသက်ရှူသံလေးကြားရဖို့က ဘဝရဲ့ အကြီးမားဆုံးအိပ်မက်ပါ။ ပါးဖောင်းလေးကို ဖွဖွညင်သာပွတ်သပ်ရင်း ကုတင်ခေါင်းရင်းက ပြတင်းမှန်ဝိုင်းလေးကနေ အပြင်ကိုကြည့်လိုက်တော့ နေရောင်ခြည်ဖြာကျနေတာကို မြင်ရသည်။
မနေ့ညက အကုန်လုံး နောက်ကျမှ အိပ်ရာဝင်ကြသလို Antarctica ရဲ့ အေးခဲမှုက တော်ရုံလူကို အိပ်ရာထဲကနေ အပြင်မထွက်ချင်အောင် ဆွဲဆောင်ထားနိုင်မှာပါ။ ကျွန်တော်လည်း ပြန်အိပ်ဖို့ စိတ်ကူးမရှိပေမဲ့ မထချင်သေးတာတော့အမှန်ပဲမို့ အိပ်ပျော်နေတဲ့ baby မျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်ရင်း စိတ်ကူးတွေကို သက်တောင့်သက်သာ မျောလွင့်ခွင့်ပြုထားလိုက်သည်။
စိတ်ကူးပေါက်ရာနောက်လျှောက်လိုက်မိတော့ နွေဦးရာသီတွေ အလီလီကျော်လွန်သွားခဲ့သလို ကြယ်ကြွေညတွေလည်း မနည်းမနောပါနေသေးရဲ့။ မပြောင်းလဲခြင်းကတော့ တစ်ခုတည်းပဲ။ ကျွန်တော့်ဘေးမှာဆံဖြူသွားကျိုးသည်ထိ ရှိနေတာက baby ဆိုတဲ့ အမှန်တရားပေါ့။
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြားတော့ အိပ်ပျော်နေတဲ့ babyနိုးမှာစိုးလို့ လူကတော်တော်နဲ့ တံခါးဖွင့်တဲ့ဆီမရောက်တော့ပါဘူး။ သူ့ကိုအိပ်ရာပေါ်နေရာတကျချပြီးမှ အားနာပါးနာနဲ့ တံခါးပြေးဖွင့်တော့ မနက်ခင်းဆေးစစ်ဖို့ Rayက အခန်းပေါ့က်ဝမှာ အပြုံးနဲ့အတူစောင့်နေပြီ။ babyကို မနက်တစ်ခါ ညတစ်ခါ သွေးပေါင်ချိန်တာ နှလုံးခုန်နှုန်း စစ်တာ စတဲ့ စစ်ဆေးခြင်းတွေကို ခရီးစထွက်လာတည်းက သူလုပ်ပေးနေတာမို့ အခန်းထဲဝင်ခွင့်ပြုလိုက်ရသည်။
🖤သူကတော့ အိပ်နေတုန်းပဲ မင်း အဆင်ပြေတယ်မှတ်လား Ray
☄️ပြေပါတယ် P' ...
သူစစ်ဆေးစရာရှိနေတာတွေ လုပ်နေတာကို ဘေးကကြည့်နေတုန်း baby အိပ်ပုတ်ကနိုးလာတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ပါ။
