Unicode
🖤 Hobbiton Tour❤️
နှာသီးဝမှာ ဝေ့ဝဲလာတဲ့ ရနံ့က အိပ်စက်ခြင်းအသိကနေ နိုးထခြင်းဆီကူးပြောင်းစေသည်။ ကော်ဖီခါးခါးနဲ့ ဝိုင်စပ်ထားတဲ့ ရနံ့ တစ်နည်းအားဖြင့် baby သာဖန်ဆင်းနိုင်တဲ့ ကျွန်တော့်ရဲ့သီးသန့် နိဗ္ဗာန်ဘုံလေးပေါ့။
မျက်လုံးတို့ကို ဖွင့်လို့ အနံ့လာရာ အကြည့်တို့လိုက်ရွေ့တော့ ကုတင်ဘေးကစားပွဲမှာ ကော်ဖီခွက်လေးတစ်ခွက်။ ဟိုဘက်ကုတင်လှမ်းကြည့်တော့ သားနဲ့သမီးက အိပ်လို့ကောင်းနေတုံး။လက်ကနာရီကြည့်မိတော့ မနက်၅နာရီတဲ့။
ကောင်ဆိုးလေးက မနက်အစောကြီးထကော်ဖီဖျော်ပြီး ရေချိုးနေပြီထင်တယ်။ လှဲနေရာကနေအထ Bathrobeလေးဝတ်ပြီးရေချိုးခန်းထဲက ထွက်လာတဲ့ကောင်လေးက ကြည်စင်သန့်ပြန့်လို့။
🖤 အစောကြီးပါလား အအေးပတ်ဦးမယ် baby
လက်နှစ်ဖက်ဆန့်ပေးလိုက်တာနဲ့ ရင်ခွင်ထဲတိုးဝင်လာတဲ့ ယုန်မြှောင်လေးရဲ့ နူးညံ့ထွေးအိတဲ့ကိုယ်လုံးလေးကို ခပ်တင်းတင်းဖက်ထားလိုက်မိသည်။ သူသုံးနေကျ ရေချိုးဆပ်ပြာနံ့ခပ်သင်းသင်းနဲ့ အထိအတွေ့ကြားမှာ လူကမိန်းမောပြီး ပြန်တောင်အိပ်ချင်သွားသည်။
❤️ပြန်အိပ်မနေနဲ့တော့ babyရေနွေးစပ်ပေးထားခဲ့တယ် အခု ချိုးလိုက်တော့ ပြီးရင် ကော်ဖီဝိုင်လေးသောက် နော်
🖤အွန်း...... ကိုကိုက babyကို ချစ်တယ်နော်
မမေးဘဲပြောမိတာက မလုံလဲတဲ့စိတ်အားနာစိတ်ကြောင့်လား သိစေချင်ယုံကြည်စေချင်တာလား ကိုယ့်ဟာကိုယ်ခေါင်းစဉ်တပ်မရပေမဲ့ ရင်ခွင်ထဲက အချစ်ကလေးကတော့ ပြုံးလို့။
❤️ ကိုကိုဘာဖြစ်နေလဲ babyသိတယ် ဘဝကို အတူတူဖြတ်သန်းလာကြတာ ဆယ်စုနှစ်တစ်ခုနားနီးနေပြီ ကိုကို
မပြည့်စုံတာတွေ လိုအပ်တာတွေ နာကျင်စရာတွေ အပြန်အလှန်သက်ရောက်စေခဲ့လည်း ကိုကိုမှမဟုတ်ရင် babyဘဝက အဓိပ္ပါယ်မရှိဘူး
ဘဝဆိုတဲ့ စကားလုံးနှစ်လုံးကို တည်ဆောက်ခဲ့တာ baby တစ်ယောက်တည်းမှမဟုတ်ခဲ့တာ ကိုကိုပါ ပါတယ်လေ
