🍯 Honey Rainbow🌈

291 38 629
                                    

Unicode

🍯Honey Rainbow🌈

ဝရန်တာတံခါးဖွင့်ထားလို့ တိုးဝင်နေတဲ့ လေအေးတွေက Auckland ညရဲ့ နှုတ်ဆက်ခြင်းထင်သည်။

တစ်ချက်တစ်ချက် ဟူးဟူးရားရားတိုက်ခတ်ချင်တဲ့ လေထုကို ကိုကိုကခွင့်မပြုချင်လို့ တံခါးသွားပိတ်မယ်ကြံတော့ သူ့လက်ဆွဲကာ တားရသည်။

❤️မပိတ်နဲ့ ကိုကို baby အသက်ရှူရတာ ကောင်းလို့

🖤ဟုတ်ပါပြီဗျာ ကိုကိုက ဖျားမှာစိုးလို့

💛ဒိုင်း ဒိုင်း ရွှမ့် ရွှီးးးး

🕊️ဗုန်းးးးးဝုန်းးးးးဒုန်းးးး

ဟိုဘက်ကုတင်ပေါ်က တိုက်ပွဲကအသံတွေကတော့ တစ်ခန်းလုံးကို လွှမ်းခြုံထားတဲ့အနေအထားနဲ့ပါ။ ကိုကိုက ကျွန်တော့်ဘေးပြန်ဝင်ထိုင်ပြီး မနက်ဖြန်‌ေနမဲ့အခန်းကိုရွေးချယ်နေတုံး ဟိုဘက်တိုက်ပွဲက လက်နက်ကြီးတွေက ကျွန်တော်တို့ ကုတင်ပေါ်ထိရောက်ရှိလာပါပြီ။

💛ဒုံးကျည်နဲ့ ထုဘီ ရွှီးးးးဝုန်း

🕊️ရက်ပစ်ဗုံးနဲ့ထုဘီ ဝုန်းးးး

တိုက်ပွဲဖြစ်တာက သူတို့နှစ်ယောက် အထုခံရတာက ကျွန်တော်တို့အဖေတွေပါ။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက် ဒုံးကျည်နဲ့ထုပြီဆိုပြီး ဖက်ခေါင်းအုံးနဲ့ ကျွန်တော်တို့ဆီပစ်လိုက် လက်ပစ်ဗုံးနဲ့ထုပြီဆိုပြီး ခေါင်းအုံးတွေ အရုပ်တွေနဲ့ ပစ်ပေါက်ခံရလိုက်နဲ့ ကိုကိုနဲ့ကျွန်တော့်မှာ နေစရာမရှိတော့။

🖤ဟိုဘက်ရပ်ကွက်ကကောင်တွေ ချနေတာ မင်းတို့အချင်းချင်းမဟုတ်ဘူးလား ဘာလို့ ငါတို့ကို လက်ပစ်ဗုံးတွေ ဒုံးကျည်တွေနဲ့ထုနေတာလဲ ဟမ်

💛 ညီမရေး နာမှာစိုးရို့ရေ

🕊️တိုတိုနာဝါးမှာစိုးရို့

❤️ဪ ပါပါးတို့ကျ နာပါစေပေါ့ အဲ့လိုလား

💛🕊️ဟီးဟီး

❤️ အဲ့ကောင်တွေကို စိတ်ဆိုးပစ်မယ် ကိုကို

🖤ဟုတ်တယ် ထားလိုက် မခေါ်ဘူး

စိတ်ဆိုးပစ်မယ်ဆိုတော့ အပြေးအလွှားဆင်းလာကြပြီး ကျွန်တော်တို့ကုတင်ပေါ်ကုပ်ဖက်တက်လာကြပါပြီ။

HodophilesOù les histoires vivent. Découvrez maintenant